အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

AA အပါအဝင် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် မဟာမိတ်တပ်များကို KIA စစ်ဦးစီးချုပ် ဂုဏ်ပြု မှတ်တမ်းစာပေးပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အတူတူ လက်တွဲတိုက်ပွဲ ၀င်ခဲ့ကြသည့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မဟာ မိတ်တပ်ဖွဲ့များကို KIA စစ်ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းစာ ပေးပို့ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းစာကို အောက်တိုဘာလ ၂၂ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ABSDF (NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူးကီအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma)တို့ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ စာတွင် “မိမိတို့ ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူတကွ လက်တွဲ၍ မိမိအသက်ကို ပဓါနမထားဘဲ စွန့် လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ်တပ်ဖွဲ့ဝင် အသီးသီးများနှင့် တာဝန်ရှိ တပ်မှူးများအားလုံးကို အထူး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်  ( PDF)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း  KIA စစ်ဦစီးချုပ် ဂုဏ်ပြုမှတ်တမ်းစာကို လက်ခံရရှိကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အနေဖြင့်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA အပါအဝင် တခြားမ ဟာမိတ် အဖွဲ့အစည်းအများနှင့် လက်တွဲပြီး စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက် လာရေးတို့အတွက် တိုက်ပွဲဝင်သွားမည်ဟု အသိပေးထုတ်ပြန်ကြောင်းလည်း NUG ကာကွယ်ရေး ၀န်ကြီးဌာန ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်း နန်းဆန်ရွာအနီးရှိ အောင်ဂျာယန် စစ်ကောင်စီတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူအပြီး ၃ ရက်အကြာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ရှေ့တန်းရှိ ရဲဘော်များကို သွားရောက် အား ပေးခဲ့သည်။

ပုံစာ- ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) နှင့် အတူ လက်တွဲတိုက်ပွဲနေသော ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်အချို့ကို ကချင်နယ်မြေတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် အတူ များမကြာမီက တွေ့ရစဉ်။

ဆက်စပ် သတင်းများ