ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အစိုးရလေးဆက်အထိ တာဝန်ယူခဲ့သောအီတလီဝန်ကြီးချုပ်ဟောင်း ဘာလုစ်ကိုနီ အသက်(၈၆)နှစ် အရွယ်တွင် ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 617

အီတလီနိုင်ငံရေးလောကတွင် လိင်အရှုပ်တော်ပုံ၊ အကျင့်ပျက်ခြစားမှုတို့နှင့် ကျော်ကြားသလို ဝန်ကြီးချုပ်အဖြစ် လေးကြိမ်တိုင်အောင် တာဝန်ယူခဲ့ဖူးသော အီတလီဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလုစ်ကိုနီသည် အီတလီနိုင်ငံ၊ မီလန်မြို့၊ ဆန် ရာဖေးလ်လီ ဆေးရုံတွင် ယနေ့ ကွယ်လွန်သွားပြီဟု သိရှိရသည်။

 

ကွယ်လွန်ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။ ဘာလုစ်ကိုနီသည် ပြီးခဲ့သည့် ဧပြီလကတည်းက အဆုပ်တွင် ရောဂါပိုးကူးစက်ခံရပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည်။

 

ဘီလျံနာ မီဒီယာသူဌေးကြီးလည်းဖြစ်၊ သွက်လက်ဖျတ်လတ်သော နိုင်ငံရေးသမားလည်းဖြစ်သူ ဘာလုစ်ကိုနီသည် ၁၉၉၄ ခုနှစ်တွင် အီတလီဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၁ခုနှစ်အထိ အစိုးရ လေးဆက်ကို ဦးဆောင်ခဲ့သည်။

 

သူသည် လက်ယာ-အလယ် ဖော်ဇာ အီတလီပါတီ ကို ဦးဆောင်ပြီး စက်တင်ဘာလက ရွေးကောက်ပွဲတွင် ရွေးချယ်ခံရကာ ဆီးနတ်အမတ်ဖြစ်လာခဲ့သည်။

 

အဆိုပါ ပါတီမှာ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ​အောက်တွင် ညွန့်ပေါင်းအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။

 

 မီဒီယာသူဌေးကြီးလည်းဖြစ်၊ အေစီမီလန် ဘောလုံးအသင်းပိုင်ရှင်လည်း ဖြစ်ခဲ့ဖူးသော ဘာလုစ်စကိုနီသည် သူ​၏အနီးတွင် ငယ်ရွယ်သော မိန်းမပျိုများအစဉ်သဖြင့် ဝန်းရံနေသည်ကို နှစ်သက်သလို အကျင့်ပျက်ခြစားမှုဖြင့် မကြာခဏ စွပ်စွဲခံရသဖြင့် လူသိများခဲ့သည်။

 

ဘာလုစ်ကိုနီ ကွယ်လွန်သွားသည့်အတွက် အီတလီ ကာကွယ်ရေးဝန်ကြီး ဂိုင်ဒို ခရော့စ်ဆက်တိုက " ခေတ်တစ်ခေတ် ပြီးဆုံးသွားပါပြီ။ ခေတ်တစ်ခေတ် နိဂုံးချုပ်သွားပါပြီ။ ကျွန်တော် သူ့ကို အရမ်း အရမ်း နှစ်သက်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

 

NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ