ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အင်ဒိုနီးရှားက ကာတာမှ အသုံးပြုပြီးသား တိုက်လေယာဉ်ဟောင်း ဒေါ်လာ သန်း ၈၀၀ ဖိုး ဝယ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 668

အင်ဒိုနီးရှားသည် ကာတာလေတပ်က ဒေါ်လာ သန်း ၈၀၀ ဖိုးရှိသော အသုံးပြုပြီးသား Mirage 2000-5 ဂျက်တိုက်လေယာဉ် (၁၂)စီးကို ဝယ်ယူခဲ့ကြောင်း ဇွန်လ ၁၄ရက်နေ့က အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ အသုံးပြုပြီးသား လေယာဉ်ဟောင်း ဝယ်ယူသဖြင့် အင်ဒိုနီးရှားလွှတ်တော်အမတ်အချို့ နှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ချက်ကာကွယ်ရေးကုမ္ပဏီ၏ ယူနစ်တစ်ခုဖြစ်သော Excalibur International နှင့် ဒေါ်လာ(၇၉၂)သန်းဖိုး စာချုပ်ချုပ်ဆိုခဲ့သည်ဟုဆိုသည်။

 

စာချုပ်အရ ထိုင်ခုံတစ်လုံးပါ ဂျက်တိုက်လေယာဉ်(၇)စီး နှင့် ထိုင်ခုံနှစ်လုံးပါ ဂျက်တိုက်ယောဉ်(၃)စီး ပါဝင်သည်ဟု အင်ဒိုနီးရှားမီဒီယာများက ဖော်ပြသည်။

 

 သုံးပြီးသား တိုက်လေယာဉ်အဟောင်းတွေကို ဘာလို့ အရေးတကြီးဝယ်ရတာလဲဗျာဟု အင်ဒိုနီးရှား လွှတ်တော်အမတ် ဟာဆာနူဒင်၏ ပြောကြားချက်ကို ကိုးကားပြီး Kompas သတင်းစာက ရေးသားခဲ့သည်။

 

အင်ဒို ကာကွယ်ရေးဝန်ကြီးဌာနက တိုက်လေယာဉ်များ သက်တမ်းမည်မျှရှိသည်ကို ဖော်ပြခြင်းမပြုဘဲ လာမည့်သုံးနှစ်အတွင်း လေ့ကျင့်မှုနှင့် ဝန်ဆောင်မှုအထောက်အကူပြုသွားမည်ဟု ဆိုသည်။

 

 တိုက်ပွဲဝင်အသင့်အနေအထားကနေ ကျဆင်းလာနေတဲ့ အင်ဒိုနီးရှားလေတပ်အတွက် လေယာဉ်သစ်ဖြည့်တင်းဖို့ အလျင်အမြန်လိုအပ်နေပါတယ်ဟု အင်ဒိုကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူမန်သာက ဆိုသည်။

 

အင်ဒိုနီးရှားသည် အမေရိကန်လုပ် အက်ဖ်-၁၆၊ ရုရှားလုပ် Su-27 နှင့် Su-30 စသည့် ဂျက်တိုက်လေယာဉ်များပါဝင်သည့် အိုဟောင်းနေသည့်လေတပ်ကို အစားထိုးရန် ကြိုးစားလျှက်ရှိသည်။

 

အင်ဒိုနီးရှားသည် ၂၀၁၇ ခုနှစ်က ရုရှားထံမှ Su-35 ဂျက်တိုက်လေယာဉ်(၁၁)စီး ဝယ်ယူမည်ဟု ကြေညာခဲ့သည်။

 

NN-27

ref:CAN

ဆက်စပ် သတင်းများ