အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဥတာပရာဒက်ရှ်ပြည်နယ်အတွင်း ခိုးဝင်လာသော မွတ်ဆလင်ဒုက္ခသည် ၇၄ဦးအား အိန္ဒိယရဲများက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 500

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်အတွင်းသို့ ခိုးဝင်ပြီး တရားမဝင်နေထိုင်သူ မွတ်ဆလင် ဒုက္ခသည် ၇၄ ဦးအား အိန္ဒိယရဲများက တနင်္လာနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

အိန္ဒိယရဲများ​၏ ပြောကြားချက်အရ ပြည်နယ်မြို့ကြီးများ နှင့် မြို့ငယ် ခြောက်မြို့တွင် တရားမဝင်နေထိုင်သော မွတ်ဆလင်ဒုက္ခသည်များအား ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းတို့အနက် အရွယ်မရောက်သေးသော ကလေးသူငယ် ၁၀ ဦးပါဝင်သည်ဟု သိရှိရသည်။

မွတ်ဆလင်ဒုက္ခသည် လူ့အခွင့်အရေး ဦးဆောင်အဖွဲ့က ယခုဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်ခံရပြီးနောက် ထွက်ပြေးလာသူများဖြစ်ပြီး ထိုနေရာတွင် နေထိုင်သည်မှာ ၁၀ နှစ်ရှိပြီဟုဆိုသည်။

အများစုမှာ အမှိုက်ကောက်ခြင်း စသည့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်သူများဖြစ်ပြီး ခိုလှုံရန်ရောက်လာသူများဖြစ်ကြောင်း၊ မွတ်ဆလင် ဒုက္ခသည် လူ့အခွင့်ရေးဦးဆောင်အဖွဲ ညွှန်ကြားရေးမှုးက ပြောသည်။

မြန်မာစစ်တပ်​၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည်များသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့သလို အချို့မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ခုနှစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသလို ဒုက္ခသည်များကို အကာအကွယ်ပေးရမည့် ကိုယ်ပိုင်ပြဌာန်းဥပဒေလည်း မရှိပေ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘောတူစာချုပ်တွင် ဒုက္ခသည်များဆိုင်ရာ အခွင့်အရေးနှင့် နိုင်ငံများက စောင့်ရှောက်ကာကွယ်ပေးရမည့် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

မွတ်ဆလင်ဒုက္ခသည် လူ့အခွင့်ရေးဦးဆောင်အဖွဲ့ ပူးတွဲတည်ထောင်သူ အလီဂျိုဟာ​၏ အဆိုအရ ယမန်နှစ် အစပိုင်းအထိ အန္ဒိယနိုင်ငံတွင် မွတ်ဆလင်ဒုက္ခသည် ၁၈၀၀၀ အထိ နေထိုင်လျှက်ရှိသည်ဟု သိရသည်။

 

NN-27

ref:can

ဆက်စပ် သတင်းများ