အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကိုးရီးယားစစ်ပွဲ စစ်ပြေငြိမ်းခြင်း နှစ်(၇၀)ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားကာကွယ်ရေးဝန်ကြီး မြောက်ကိုးရီးယားသို့ ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 562

ကိုးရီးယားကျွန်းဆွယ်စစ်ပွဲ စစ်ပြေငြိမ်းခြင်း နှစ်(၇၀)ပြည့်အခမ်းအနား တက်ရောက်ရန် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုအီဂူ သည် အင်္ဂါနေ့မွန်းလွဲပိုင်းက မြောက်ကိုးရီးနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

အလားတူ အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လည်း မြောက်ကိုးရီးယားသို့ ရောက်ရှိနေသည်။

တရုတ် နှင့် ရုရှားကိုယ်စားလှယ် အဖွဲ့ နှစ်ဖွဲ့သည် ပြုံယမ်းမြို့၌ ကြာသတေးနေ့တွင် ကျင်းပပြုလုပ်မည့် နှစ်(၇၀)ပြည့် အောင်ပွဲခံနေ့ ( Victory Day) အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ကြေညာခဲ့ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် လီဟောင်ကျုံးက ဦးဆောင်လာသည်ဟု သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုးရီးယား၏ ဖိတ်ကြားချက်အရ အောင်ပွဲခံနေ့ အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှား-မြောက်ကိုးရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရုပ်သံသတင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီး ရှိုအီဂူအား မြောက်ကိုးရီးယား စစ်ဗိုလ်ချုပ်များက လေဆိပ်တွင် လက်ဆွဲနှုတ်ဆက်နေပုံများ ပြသခဲ့သည်။

မြောက်ကိုးရီးယားသည် ၂၀၂၀ အစောပိုင်းကတည်းက နယ်စပ်အားလုံးကို ပိတ်ထားခဲ့ပြီး စီးပွါးရေး၊ နိုင်ငံရေးလက်တွဲဖော် တရုတ် နှင့် ရုရှားကိုပင် အဝင်မခံဘဲ နေခဲ့သည်။

ကိုးရီးယားစစ်ပွဲ စစ်ပြေငြိမ်းမှု နှစ်(၇၀)ပြည့်အခမ်းအနားကို ပြုံယမ်းမြို့တော်တွင် စစ်ရေးပြအခမ်းအနားများနှင့်အတူ အကြီးအကျယ် ပြုလုပ်မည်ဟု သိရသည်။

 

NN-27

Ref: bdnews

Photo: NK News

ဆက်စပ် သတင်းများ