ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဒေါ်နယ်ထရန့်အပါအဝင် ၁၈ဦးအား လူဆိုးဂိုဏ်သားများအပေါ် စွဲဆိုလေ့ရှိသည့် ရာဇဝတ်ပုဒ်မဖြင့် ဂျော်ဂျီယာပြည်နယ်တရားရုံးက တရားစွဲဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 537

(ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ် အချုပ်ထောင်ထဲ ဝင်ရဖွယ် ရှိနေဟုဆို)


အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တရားရုံးက သမ္မတဟောင်း ဒေါ်နယ်ထရန့်အပါအဝင် တရားခံ ၁၈ဦးကို ရွေးကောက်ပွဲပျက်စီးရန် ဆူပူသောင်းကျန်းမှုပုဒ်မဖြင့် ဩဂုတ်လ(၁၅)ရက်က တရားစွဲဆိုလိုက်သည်ဟု သိရှိရသည်။

 

ရာဇဝတ်ဂိုဏ်းသားများအပေါ် ချမှတ်လေ့ရှိ​သော ပုဒ်မဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်နယ်ထရန့်အပါအဝင် တရားခံ ၁၈ ဦးတို့သည် မိမိဆန္ဒအလျောက် အဖမ်းခံပြီး ပြည်နယ်တရားရုံးသို့ လာရောက်ရမည်ဟုဆိုသည်။

 

ပြည်နယ်တရားရုံးတွင် ရုံးမထုတ်မီ ဂျော်ဂျီယာပြည်နယ်ဥပဒေအရ ထရန့်နှင့် တရားခံများသည် အတ္တလန္တာရှိ Fulton County အချုပ်ထောင်ထဲ ခေတ္တ ဝင်နေရမည်ဟု ဆိုသည်။

 

ဂျော်ဂျီယာပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန်ကြိုးပမ်းမှုဖြင့် ဒေါ်နယ်ထရန့်အား တရားစွဲထားပြီး ဩဂုတ်လ(၂၅)ရက်နေ့တွင် ပြည်နယ်တရားရုံး၌ စစ်ဆေးခံရမည်ဖြစ်သည်။



 

ဂျော်ဂျီယာပြည်နယ် ဖူလ်တန်ကောင်တီခရိုင် ဥပဒေအကျိုးဆောင် ဖာနီ ဝီးလစ်က ထရန့်အပါအဝင် ၁၈ ဦးအား ၂၀၂၀ ရွေးကောက်ပွဲ ပျက်စီးရန် ဆူပူသောင်းကျန်းမှု ရာဇဝတ်ပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

စာမျက်နှာ ၉၈ မျက်နှာပါ တရားစွဲဆိုမှုတွင် ထရန့်အပါအဝင်အဝင် တရားခံ ၁၈ ဦးအား လူဆိုးဂိုဏ်းများအပေါ် စွဲဆိုလေ့ရှိသည့် ဆူပူသောင်းကျန်းမှု ပုဒ်မအပါအဝင် အမှုပေါင်း ၄၂ မှုဖြင့် တရားစွဲဆိုထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ဆိုသည်။

 

တရားစွဲခံရသူများထဲတွင် ထရန့်၏ အိမ်ဖြူတော်အကြီးအကဲ မာ့ခ် မီဒို၊ ရှေ့နေကြီး ဂူလီယာနီ၊ ဂျင်နာအီးလစ် နှင့် ဂျွန် အိစ်မင်း တို့လည်း ပါဝင်သည်။

 

၄င်းတို့အားလုံးအား ဖမ်းဆီးခြင်းမပြုဘဲ ဩဂုတ်လ ၂၅ ရက် မွန်းတည့်ချိန်အမီ တရားရုံးသို့ မိမိသဘောနှင့်မိမိ လာရောက်ရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ဥပဒေအကျိုးဆောင် ဖာနီ ဝီးလစ်က ပြောသည်။

 

လက်ရှိအချိန်ထိ အမှုများစွာဖြင့် တရားစွဲဆိုခံနေရသော ၂၀၂၄ သမ္မတရွေးကောက်ပွဲဝင်မည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်က ယခုအမှုများသည် ပြိုင်ဘက်များ၏ နိုင်ငံရေးလုပ်ကြံမှုများသာဖြစ်သည်ဟု ဆိုသည်။

 

တရားစွဲဆိုခံရသူများတွင် ပါဝင်သည့် ရှေ့နေ ဂူလီယာနီက တရားစွဲဆိုသူ ဥပဒေအကျိုးဆောင်များ ကိုယ်တိုင်က ရာဇဝတ်သားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

NN-27

ref:BBCWorld


 

 

ဆက်စပ် သတင်းများ