ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အိန္ဒိယ၏ လဆင်းယာဉ်က လမျက်နှာပြင်၏ အနီးကပ်ဓါတ်ပုံများကို ကမ္ဘာမြေသို့ ပြန်လည်ပေးပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 767

အိန္ဒိယနိုင်ငံက လကမ္ဘာသို့ ပစ်လွှတ်လိုက်သော ချန်ဒရာယန်း-၃ အာကာသယာဉ်ငယ်သည် ကြာသပတေးနေ့က လကမ္ဘာအနီးသို့ ချဉ်းကပ်ရောက်ရှိလာပြီးနောက် ပင်မယာဉ်ပေါ်မှ လဆင်းယာဉ်ကို လကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ ချပေးလိုက်ပြီဖြစ်သည်။

 လကမ္ဘာအထက် မိုင် ၉၀ နှင့် ၇၀ အကြား လကမ္ဘာပတ်လမ်းကြောင်းပေါ် ရောက်ရှိနေသော လဆင်းယာဉ်သည် လကမ္ဘာမျက်နှာပြင်၏ အနီးကပ်ဓါတ်ပုံ နှင့် ဗီဒီယိုများကို ကမ္ဘာမြေသို့ ပထမဦးဆုံးအကြိမ် ပြန်လည်ပေးပို့လာခဲ့သည်။

 

အိန္ဒိယ လဆင်းယာဉ်သည် လူသားတို့တစ်ကြိမ်တစ်ခါမှ မဆင်းဖူးသေးသည့် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဆင်းသက်မည်ဖြစ်သည်။

 

အိန္ဒိယ လဆင်းယာဉ်က ပေးပို့လာသည့် ဗီဒီယိုတွင် လမျက်နှာပြင်၏ တွင်းချိုင့်များကို အနီးကပ်မြင်တွေ့ရသည်။

 

လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းတွင် ရေခဲနေသည့်အရာများကို ထောက်လှမ်းတွေ့ရှိရပြီးနောက် ထိုနေရာသို့ ဆင်းသက်ပြီး ရှာဖွေ စူးစမ်းမှု ပြုလုပ်မည်ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်က လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ် ချန်ဒရာယန်း-၃ ကို နိုင်ငံတောင်ပိုင်း အန္ဒရာပရာဒက်ရှ်ပြည်နယ် ဒုံးပျံစခန်းမှ ပစ်လွှတ်ခဲ့သည်။

 

အလားတူ ရုရှားနိုင်ငံကလည်း နှစ်ပေါင်း ၄၇ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့က လူနာ-၂၅ အာကာသယာဉ်ကို လကမ္ဘာသို့ စေလွှတ်ခဲ့သည်။

 

အိန္ဒိယ၏ လဆင်းယာဉ်သည် ဩဂုတ်လ ၂၃ ရက်တွင် လ၏ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်မည်ဖြစ်သလို ရုရှားက လွှတ်တင်လိုက်သည့် လူနာ-၂၅ အာကာသယာဉ်ကလည်း လ၏ တောင်ဝင်ရိုးစွန်းပေါ် ဩဂုတ် ၂၁ တွင် ဆင်းသက်မည်ဟု သိရှိရသည်။

NN-27

 ref: the daily star.

Photo: Space com

ဆက်စပ် သတင်းများ