- Web Master
- ၁၀ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် မြန်မာနိုင်ငံထဲကနေ တရားမဝင်ဝင်ရောက်လာကြသည့် ကလေး ၉ ဦး အပါအဝင် ၉၄ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းမီဒီယာများကို ကိုးကားပြီး မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က ပြော သည်။
ဇန်နဝါရီ ၂၈ နှင့် ၂၉ ရက်နေ့များက အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ပွဲစားခအဖြစ် တစ်ဦး ကို ဘတ် ၂သောင်းစီ ပေးခဲ့ကြရကြောင်း ဦးမိုးကြိုးက ပြောသည်။
‘’ ပွဲစားတစ်ဦးလည်း အဖမ်းခံထားရတယ်။ ထိုင်းနဲ့ မွန်ပြည်နယ်အစပ် ကန်ချနပူရီခရိုင်ထဲမှာ အဖမ်းခံရတာ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင် ပြည်နယ်ဖက်တွေကလာကြသူဖြစ်တယ်။ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အလုပ်လုပ်ဖို့ဆိုပြီး ထွက်ဆိုထားကြတယ်။’’
အမျိုးသား ၆၉ ဦးနဲ့ အမျိုးသမီး ၂၅ ဦးတို့ဖြစ်ပြီး ၎င်းအထဲ ကလေး ၉ ဦးပါဝင်သည်။
၎င်းတို့မှာ ဘန်ကောက်မြို့ပတ်ဝန်းကျင်ဒေသတံင် အလုပ်လုပ်ရန် လာကြသူများ ဖြစ်ကြောင်း ထွက်ဆို ထားကြသော်လည်း ရခိုင်ပြည်နယ်ထဲက လာသူများအထဲတွင် မွတ်ဆလင် တစ်ချို့ပါနေသည်ကိုတွေ့
လက်ရှိမှာတော့ သူတို့ကို ကန်ချနဘူရီရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက် ရန်စီစဉ်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားသည်။
ယနေ့ ဇန်နဝါရီ ၃၀ ရက်ကလည်း မဲဆောက်မြို့တွင် တရား မဝင် နယ်စပ်ဖြတ်ကျော်လာသူတစ်ချို့ အဖမ်းခံထားရသည်ဟုလည်း ဦးမိုးကြိုးက ပြောသည်။