ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦး ရနောင်းမှာ အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁/ ၂၀၂၃

 

ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီမြို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာရွှေ့ ပြောင်း အလုပ်သမား ဦးတို့သည် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ရက် ညနေ နာရီခွဲအချိန်ခန့်က ရနောင်းခရိုင် ကရဘူရီမြို့ ကျောပေါရော်ရွာ အုပ်စု ဘန့်ဟင်ယိုင်နယ်မြေထဲတွင် ၎င်းမြန်မာအလုပ်သမား ဦးတို့ အဖမ်းခံထားရခြင်းဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဆောင်ရွက်ပေးနေသည့် Labour Hittai တာဝန်ခံ ကိုစောမောင် က ပြောသည်။

 

သူတို့က ထိုင်းမှာပဲအလုပ်လုပ်ဖို့ ပွဲစားကနေတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတာ၊ အမျိုးသမီးတွေလည်းပါတယ်၊ သူတို့ ထိုင်းရဲတွေကဖမ်းထားလို့ လဝက အမှုနဲ့ အရေးယူ ခံထားရပါ တယ်၊ ပြီးရင်သူတို့ မြန်မာပြည်ဖက်အခြမ်း ပြန်လွှဲတာခံရမယ်၊ လုပ်ရိုးလုပ်စဉ်တွေပါပဲ။

 

အမျိုးသမီး ဦးနှင့် အမျိုးသား ဦး၊ ယာဉ်မောင်းတစ်ဦးတို့ အဖမ်းခံရခြင်းဖြစ်ကြောင်း၊ အဖမ်းခံထားရ သည့် မြန်မာအလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချက်အရ တစ်ဦးလျှင် ဘတ်၂၀၀၀၀ ပွဲစားကို ပေးရကြောင်း၊ မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်အခြမ်းကို ရေလမ်းဖြင့်ဝင်လာပြီးနောက် ခြေ လျင်ဖြင့် ရနောင်းခရိုင် ကရဘူရီမြို့ နမ်းကျိန့်ရွာ ဘန်ပလိုင်ခလောင်ရွာကို လာခဲ့ရကြောင်း၊ အုပ်စု ဇရပ်တစ်ခုအနီးတွင် ပစ်ကပ်ကားတစ်စီးဖြင့် တင်ဆောင်ပြီး ချွန်ဖော်ခရိုင် နှင့် စုရတ်ထာနီခရိုင်တို့ကို ဆက်ပြီးသွားမှာဟု သိရသည်။

 

ယာဉ်မောင်းကိုစစ်ဆေးမေးမြန်းချက်အရ ပွဲစားထံကနေ မြန်မာတစ်ဦးကို ဘတ် ၃၀၀၀ ဖြင့် ၎င်းတို့သွား မည့်နေရာကို ပို့ပေးရန် သဘောတူကာ ယခုလိုခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုလက်ရှိ ဖမ်းဆီးမိသူအားလုံးတို့ကို ပါကျန်းရဲစခန်းမှာ တရားဥပဒေအတိုင်း အရေးယူခံရမှာဖြစ် ကြောင်းလည်း သိရသည်။

 

ထိုင်းနိုင်ငံထဲသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများသည် ယမန်နှစ် ၂၀၂၂ တစ်နှစ်တည်း တွင် တစ်သောင်းကျော်ခန့် အဖမ်းခံခဲ့ရပြီး ယခု ၂၀၂၃ နှစ်ဆန်းပိုင်းအတွင်းမှာ တစ်ထောင်ကျော်ခန့် အဖမ်းခံထားရကြောင်း Labour Hittai က ကိုစောမောင် မှ ပြောသည်။

 

 Photo ; Labour Hittai

ဆက်စပ် သတင်းများ