- Web Master
- ၁၀ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅/၂၀၂၃
ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်
စိုင်ယို့မြို့နယ်ထဲတွင်
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရော
အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၈ ဦးတို့ကို
လမ်းပြခေါ်ဆောင်လာသည့်
အမျိုးသားတစ်ဦးနှင့်အတူ ကန်
ကျနဘူရီခရိုင် စိုင်ယို့မြို့နယ် စိုင်ယို့ကျေးရွာ အုပ်စု အမှတ် (၂) ထာ့ထုနာရွာအနီးတွင် မနက် ၇ နာရီခန့်
အချိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြေ
လက်ရှိမြန်မာနိုင်ငံထဲတွင်
နိုင်ငံကူးလက်မှတ်ရရန်ခက်ခဲနေချိ
‘’ MOU စနစ်နဲ့ဆိုရင် သူတို့အတွက် အရမ်းကိုခက်ခဲတယ်လေ၊ ပြည်ပထွက်ဖို့အတွက် ပတ်စပို့စာအုပ် လုပ်ဖို့တောင်မှ ခက်ခဲနေတဲ့အချိန်လေ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့အဆုံး အခုလိုရရာလမ်းကြောင်းကနေ လာကြရတဲ့အတွက်ကြောင့် ဒီလိုအဖမ်းခံရတာတွေဖြစ်တာပေါ့ ’’
၎င်းမြန်မာအလုပ်သမားများသည် မွန်ပြည်နယ်နှင့် နယ်ချင်းစပ်နေသည့်တောလမ်းထဲမှ ဝင်ရောက်လာ ခြင်းဖြစ်နိုင်ကြောင်း၊ ကားတစ်စီးတည်းပေါ်တွင် လူ ၃၀ ကို ပြည့်ကျပ်စွာဖြင့် တင်ဆောင်လာကြခြင်း ဖြစ်ကြောင်းလည်း ကန်ချနပူရီအခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းအလုပ်သမားများသည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး နှင့် ရခိုင်ပြည်နယ် စသည့်ဒေသများမှဖြစ်ကြပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ကန်ကျနဘူရီ၊ စမွတ်ဆာခေါင်နှင့် ရနောင်းမြို့တို့တွင် သွားရောက်အလုပ်လုပ် ကိုင်ကြမည့်သူများဖြစ်ကြောင်း၊ တစ်ဦးလျှင် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေး ခဲ့ရကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရသိရသည်။
ယခုနှစ်ဆန်းပိုင်းကာလအတွင်း
ထိုင်းနိုင်ငံထဲတွင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်
Photo ; Thai News