တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

သင်္ကြန်အခါကာလစစ်တွေတွင်မိသားစုတစ်ခုက အနှေးယာဉ်သမား ၂၃၀ ကျော်ကို အခြေခံစားသောက်ကုန်များလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၅ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနှေးယာဉ်သမား ၂၃၀ ကျော်ကို ဦးအောင်ကျော်လင်း(ခ) လောပန်းကိုယ်တော်မိသားစုက အခြေခံစားသောက်ကုန် ၅ မျိုးအား လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးတွင် ယနေ့ ဧပြီ ၅ ရက် နံနက် ၈ နာရီ၌ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သမီးဦးမွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်သည်ဟု ဦးအောင်ကျော်လင်းက ပြောသည်။
"သမီးဦး မွေးနေ့အဖြစ်လှူတာပါ။ အနှေးယာဉ်သမားတွေကိုလှူဖြစ်ရတာက သူတို့သင်္ကြန်ကာလအတွင်းမှာ စားဖို့သောက်ဖို့ လှူဖို့အတွက်ရအောင်ပါ"ဟုပြောသည်။
ယခုကဲ့သို့ အခက်ခဲဖြစ်နေသောသူများကို ကူညီပေးခြင်းကြောင့် အလှူရှင်များအားကျေးဇူးတင်ရှိပြီး အလွန်ဝမ်းမြောက်ရသည်ဟု အနှေးယာဉ်မောင်းသူဦးမောင်မောင်ဦးက ပြောသည်။
"ဦးလေးမှာ သားသမီး ၈ ယောက်ရှိတယ်။ တစ်ရက်မောင်းရင် ၂ ထောင်လောက်ပဲရတာ။ ခုလိုမျိုး လှူပေးတဲ့အတွက် အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်"ဟုပြောသည်။
လှူဒါန်းခဲ့စားသောက်ကုန်မှာ ဆန် ၄ တောင်းတစ်အိတ်အပါအဝင် ဆီ၊ ဆား ၊ ငရုတ်နှင့် ကြက်သွန်နီများဖြစ်သည်။

ဆက်စပ် သတင်းများ