တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

၁၃ နှစ်မြောက်ရက္ခိုင့်တပ်တော်နေ့သို့ လက်နက်ကိုင်တပ်ဖွဲ့များနှင့်အဖွဲ့အစည်းများမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၁ဝ/၂၀၂၂
ယနေ့ ကျရောက်သည့် ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အဖွဲ့အစည်းများမှ ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။
ဂုဏ်ပြုသဝဏ်လွှာပေးပို့သည့် အဖွဲ့အစည်းများမှာ ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတမှု အမျိုးသားပါတီ(MNTJP/MNDAA) အပါအဝင် လူထုတော်လှန်ရေး မဟာမိတ်ဗဟိုကော်မတီ( MRA-Magway)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၊ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ(တကသများ-ရန်ကုန်) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ(ဌာနချုပ်)( DPNS)တို့ဖြစ်ကြသည်။
ဂုဏ်ပြုသဝဏ်လွှာများတွင် ၁၃ ကြိမ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ညီနောင်မဟာမိတ်အဖွဲ့များအနေနှင့်လည်း ပန်းတိုင်မရောက်မချင်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရက္ခိုင်လူထုနှင့် တသားတည်း ရပ်တည်ကာထောက်ခံ ဂုဏ်ပြုကြောင်းတို့ ပါဝင်သည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော် (AA)ကို လူပေါင်း ၂၆ ဦးဖြင့် ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ယနေ့ ဧပြီလ ၁၀ ရက်နေ့သည် AA ၏ ၁၃ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်သည်။

ဆက်စပ် သတင်းများ