တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ဖြစ်နေသည်ထက်အခြေအနေဆိုးရွားနေကြောင်း AA ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ မေ ၂၀/၂၀၂

ရခိုင်တွင် စစ်မဖြစ်သော်လည်း စစ်ဖြစ်နေသည်ထက်အခြေအနေဆိုးရွားနေကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သူခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တွင် စစ်မဖြစ်သော်လည်း စစ်ဖြစ်တာထက်ဆိုးဝါးနေကြောင်း၊ ငတ်ပြတ်မှု၊ စီးပွားရေး အကျပ်အတည်းနှင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုတို့အောက်တွင် ရခိုင်ပြည်သူများမှာ ဒုက္ခမျိုးစုံ ခံနေရကြောင်း၊  အသက်ရှင် သန်ရပ်တည်ရေးအတွက် များစွာအခက်အခဲဖြစ်နေရကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

 

"စစ်ပွဲဖြစ်ရင် ပြည်သူတွေနစ်နာမယ်ဆိုတာက ထမင်းစားတဲ့သူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာကတော့ ပိုပြီးတော့ ခံရခက်တယ်။ အခုက ဒီ ကျွန်တော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ဆိုးဝါးတဲ့ ငတ်ပြတ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာတွေ၊ နောက် ကုန်ပစ္စည်းတွေအဆမတန်စျေးတက်တာတွေအောက်မှာ အမျိုးမျိုးဒုက္ခခံနေရနေကြရတယ်ဟု ပြောဆိုသည်။

 

၎င်းပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန် မကြိုးစားဘဲ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှု၊ ဖမ်းဆီးမှု၊ ကန့်သတ်မှုများ ပြုလုပ်လာသည်မှာ မြန်စစ်တပ်ဘယ်ကို ဦးတည်နေသည်ကို လူတိုင်း သိပြီးသား ဖြစ်ကြောင်း ပြောဆိုသည်။

 

ဒီဟာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့  နေရာတိုင်းမှာ ပိုပြီးတော့မှ လုံခြုံရေးတွေ တင်းကျပ် လာတာတွေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာတာကတော့ မြန်မာ စစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးသွားနေသလဲဆိုတာ အားလုံးသိပြီးသား ကိစ္စဖြစ်တယ်" ဟု ဦးခိုင်သုခက ဆက်ပြောသည်။

 

စစ်ကောင်စီကငြိမ်းချမ်းရေးဟု ပြောဆိုနေသော်လည်း အောက်ခြေတွင် ထိပ်တိုက်တိုးရေး၊ ပြည်သူများ အကျပ်အတည်းဖြစ်ရေးကိုသာ ဦးတည်လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ၏ အပေါ်ပိုင်းကပြောဆိုမှုနှင့် အောက်ခြေတွင်လုပ်ဆောင်မှုများမှာ တလွဲစီဖြစ်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း။ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်ဟု မေလ ၁၅ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထား သည်။


ဆက်စပ် သတင်းများ