တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲက လက်နက်ကြီးကျည် ရွာထဲကျရောက်၍ အဘောင်သားကျေးရွာသား ၅၀၀ကျော်တို့ ပလက်ဝသို့ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ သြဂုတ် ၂၅/၂၀၂၂

မြန်မာစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် အေအေတို့ ဖြစ်ပွားနေသည့်တိုက်ပွဲမှ  လက်နက်ကြီးကျည်များ ွာထဲသိုကျရောက်မှုရှိသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ဒေသခံ ၅၀၀ ကျော်တို့သည် အိုးအိမ်များကို စွန့်ပစ်ကာ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလှုံလာကြသည်ဟု သတင်းရရှိသည်။

ထိုသို့ထွက်ပြေးရာတွင် ယခင်ရက်များက ကျေးရွာသား ၃၀၀ ခန့်ထွက်ပြေးသွားကြပြီး မနေ့က ဩဂုတ် ၂၄ ရက်နေ့တွင် ရွာသား ၂၁၅ ဦးတို့ ထပ်မံပြီး ပလက်၀မြို့ပေါ်သို့ ထွက်ခဲ့ကြပြီး လက်ရှိတွင် မသွားနိုင် မလာနိုင် သက်ကြီးရွယ်အို ၁၆ ဦးသာကျန်ရှိတော့သည်ဟု သိရသည်။

အဘောင်သားရွာသားတစ်ဦးက အဘောင်သားကျေးရွာမှာ လူဦးရေ ၅၃၀ ဦးရှိပါတယ်။ တိုက်ပွဲတွေကြောင့် ရွာသား ၃၀၀ ခန့် ယခင်ရက်တွေက ထွက်ပြီးသွား မနေ့ကတော့ ၂၁၅ ဦး ပလက်၀မြို့ပေါ် ဆက်လက် ထွက်ပြေးသွားပါတယ်  ဟု ပြောသည်။  

၎င်းရွာသား ၂၀၀ ကျော်သည် လက်နက်ကြီးကျည်များကျရောက်သဖြင့် ရွာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့၍ မနေ့က နေ့လယ် ၂ နာရီကျော်ခန့်တွင် ခြေကျင်လျှောက်၍ တောင်များကိုကျော်ကာ ပလက်ဝမြို့သို့ ထွက်ပြေးသွားကြခြသ်း ဖြစ်ကြောင်း ၎င်းက ပြောသည်။  

လက်ရှိရွာထဲမှာ  ကောင်းမွန်စွာမသွားမလာနိုင်တဲ့ အဘိုးအဘွားများနဲ့ သူတို့ကို စောင့်ရှောက်ဖို့ ရွာသား ၁၆ ဦးခန့်ဘဲ ကျန်ရှိနေခဲ့ပါတယ်။ သူတို့ကိုလည်း ပလက်ဝမြို့ပေါ်ကို ခေါ်ဆောင်နိုင်ဖို့ တွက် စီစဉ်နေပါတယ်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ က ရွာကနေ ထွက်သွားသူများ ရွာကို ပြန်မလာရဟု အမိန့်ထုတ်ထားသော်လည်း ရွာတွင် ကျန်နေခဲ့သူများကို စိုးရိမ်ရ၍ ခေါ်ဆောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောဆိုသည်။

"စစ်သားတွေကတော့ ရွာကထွက်သွားတဲ့သူ ရွာထဲကို ပြန်မဝင်လာရဘူးလို့ပြောထားတယ်။ ဒါပေမယ့် အကျိုးအကြောင်း ပြောပြပြီးတော့ ကျန်နေခဲ့တဲ့သူတွေကို သွားခေါ်မယ်လို့တော့ စီစဉ်နေတာ ရှိပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကတော့ ဘယ်လိုပြောမယ်မသိသေးဘူး။ ကျနော်တို့ သွားခေါ်မှပဲ သူတို့ကလည်း လာလို့ရမှာ။ မနေ့ကလည်း စစ်တပ်က ရွာကသူတွေအားလုံးကို ရွာကနေ ထွက်သွားဖို့ ပြောဆိုထားပါတယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေကျပါတယ်။ ရွာကလူတွေကို ထိလို့ တော်ပါသေးတယ်" ဟုပြောသည်။

လက်ရှိတွင် အဘောင်သားကျေးရွာမှ ထွက်ပြေးလာကြသည့် ဒေသခံများကို ပလက်ဝမြို့ရှိ မုန်တိုင်းနှင့်သဘာဝဘေးမှ ကာကွယ်ရန်ဆောက်ထားသည့် အဆောက်အအုံတွင် သက်ဆိုင်ရာမှ နေရာချထားပေးထားကာ တချို့ဒေသခံများသည်လည်း မိမိတို့၏နီးစပ်ရာဆွေမျိုးများအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဒဏ်ကာကွယ်သည့် နှစ်ထပ်အဆောက်အအုံတွင် လူဦးရေ ၂၀၀ ကျော်ခန့်တို့ ပြည့်ကျပ်စွာ ယာယီနေထိုင်လျက်ရှိကြောင်း အဘောင်သားကျေးရွာမှာ စစ်ပြေးရှောင်လာသည့် လူဦးရေများကို စာရင်းကောက်နေသည့် ဒေသခံတစ်ဦးကပြောသည်။

" လူတွေကဆန့်တောင်မဆန့်ပါဘူး။ အိမ်ငှါးလို့နေကြတဲ့သူတွေလည်းရှိပါတယ်။ စားတာသောက်တာတွေကတော့ ကြည့်လို့အဆင်ပြေသလိုလုပ်နေရပါတယ်။ ဒီထက်ကြာကြာ ဒီလိုနေရမယ်ဆိုရင်တော့ အခက်အခဲတွေကတော့ များလာမှာပါပဲ။ အပြင်မှာ အိမ်ငှားလို့ နေသူတွေ အိမ်ငှားခတွေတောင် ပေးနိုင်မယ်မထင်ပါဘူး။ ဆန်တွေတောင်မဝယ်နိုင်ကြပါဘူး၊ ရွာကနေသယ်လာကြတဲ့ သူတွေလည်း သယ်လာကြတယ်" ဟုပြောသည်။

ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာ အဘောင်သားကျေးရွာဘက်သို့ ယနေ့ နံနက်ပိုင်းမှစ၍ ညနေ လေးနာရီကျော်ခန့်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

အဘောင်သားကျေးရွာအနီးတွင်မူ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသော်လည်း လက်နက်ငယ်များဖြင့် ရံဖန်ရံခါ တိုက်ခိုက်မှုများ ရှိကြောင်း  ပြီးခဲ့သည့်သြဂုတ်လ ၂၁ နေ့ကလည်း အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း အနည်းငယ်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်တွင် ယခင်ပြီးခဲ့သည့်နှစ်များက ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တ ိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ခန့်နေထိုင်သည့် စစ်ဘေးရှောင်စခန်း ငါးခုရှိကြောင်း သိရသည်။

(NN-8) (ဓာတ်ပုံ- ယခင်ဓာတ်ပုံဟောင်း)

ဆက်စပ် သတင်းများ