တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်ရှိ အေအေယာယီအခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်လာတိုက်၊ အထိအခိုက်အကျဆုံးဖြင့် ပြန်ဆုတ်ခွာသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဩဂုတ် ၂၅/ ၂၀၂၂

ယနေ့ ဩဂုတ် ၂၅ ရက် ညနေက တောင်ကုတ်မြို့နယ်တွင် ယာယီအခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) စခန်းတစ်ခုကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများသည် အကျအဆုံးများဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲသည် တောင်ကုတ်နှင့် ၁၀မိုင်ခန့် အကွာ တောင်ကုတ်နှင့် သံတွဲအကြား ချောင်းသုံးခွ ကြိမ်တောကျင်းအနီး၌ ယနေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ  မိနစ်၂၀ခန့် ကြာမြင့်ခဲ့သည်ဟု အမည်မဖော်လိုသူ အေအေနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်တာက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ် အစပ်နေရာ။ မျက်မြင် စ်တပ်က ၁၂ဦးခန့် ကျဆုံးတယ်လို့ သိရပါတယ် အဲဒီနောက် စစ်သားတွေက ဆုတ်သွားတယ်။ အခုသိရတာက နှစ်ဘက်တပ်တွေက အဲဒီနေရာကနေဆုတ်ခွာသွားပြီလို့ သိရပါတယ်ဟု ၎င်းက ပြောသည်။

၎င်းအေအေ ယာယီအခြေစိုက်စခန်းကို တည်နေရာအတိအကျဖြင့် စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက အေအေနယ်မြေမှူးကို ကိုးကားပြီးပြောဆိုသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခတို့အား ဆက်သွယ်နေဆဲဖြစ်ပြီး စစ်တပ်က အကျအဆုံးစာရင်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရရှိသေးပါ။

ဆက်စပ် သတင်းများ