တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် တကျော့ပြန်တိုက်ပွဲပြင်းထန်၊ ရွာသားအများအပြာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ သြဂုတ် ၃၀/၂၀၂၂ (ည ၁၁ နာရီ)

ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ယနေ့ ညနေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာပြင်းထန်ပြီး အနီးအနားက ကျေးရွာခုနှစ်ရွာ၊ ရှစ်ရွာက ရွာသား လူပေါင်းထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်တာက ပြိန်းတောအနီးက မညှင်းတောင်မှာ ဖြစ်တာပါ။ ဒီနေ့ ညနေပိုင်း ခြောက်နာရီခွဲခန့်ကနေ စဖြစ်တာ ညနေ နာရီကျော်ထိ ဖြစ်ပါတယ်။ အခုထိတော့ ဇက်ရေယာဉ်က ထင်ပါတယ်။ လက်နက်ကြီးဆက်ပစ်နေတုန်းပါဟု ပြောသည်။

ယခုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က အကျအဆုံးများကြောင်း အေအေနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြောသော်လည်း အရေအတွက်ကိုမူ ပြောဆိုခြင်းမရှိပါ။  လက်ရှိတွင် တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သော်လည်း နှစ်ဖက် အထိအခိုက် အကျအဆုံးကို မသိရသေးပါ။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာများဖြစ်ကြသည့်  ပြိန်းတော၊ ဗောဓိကုန်း၊ ကုန်တန်း၊ သမီးလှ၊ ရေစိုးချောင်း၊ ရေမျက်အစရှိသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရသည်ဟု ပြောဆိုသည်။

ထွက်ပြေးခဲ့ရသည့် ဒေသခံတစ်ဦးကလည်း "မညှင်းတောင်နားမှာ ဖြစ်နေကြတာပါ။ နာရီကျော်လောက်ကနေ တိုက်ပွဲဖြစ်သံ ကြားနေရတာပါ။ လက်နက်ကြီးသံတွေ အကျယ်ကြီး ကြားရပါတယ်။ ပြီးတော့ ချောင်းတွင်းမှာ ရပ်ထားတဲ့ ဇက်ရေယာဉ်ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်" ဟု ယနေ့ နာရီခန့်က ပြောသည်။

 မေယုမြစ် အနောက်ဘက်ကမ်းရှိ စေတီပြင်ကျေးရွာနေသူတစ်ဦးကလည်း "အခု တိုက်ပွဲက သေနတ်သံကို အဆက်မပြတ် ကြားခဲ့ရပါတယ်။ ကျနော်တို့နဲ့ဆို မြစ်တစ်ဖက် တစ်ကမ်းပေါ့။  မေယုမြစ် အရှေ့ဘက်ကမ်းက လူတွေ လှေတွေနဲ့ ဒီဖက်ကမ်းကို ကူးလာ နေကြပါတယ်။  မညှင်းတောင်မှာနေရာယူထားတဲ့ မြန်မာစစ်တပ်နဲ့ အေအေနဲ့ ဖြစ်တယ်လို့ ကြားပါတယ် ဟုပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မေယု တောင်တန်း ဒုံးပိုက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ၃၁ ဦးကျဆုံးခဲ့ပြီး လက်နက်အများအပြားကိုလည်း အေအေတို့ သိမ်းဆည်း ရရှိခဲ့သည်။

ဆက်စပ် သတင်းများ