တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း မိုင်တိုင် (၄၀) နယ်ခြားစောင့်စခန်း အေအေသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ ဩဂုတ် ၃၁/ ၂၀၂၂

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မိုင်တိုင် (၄၀) နယ်ခြားစောင့်ရဲစခန်းအား ရက္ခိုင့်တပ်တော် (AA)မှ ယနေ့ နံနက်က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

ထိုသို့ ၎င်းစခန်းကို ယနေ့ သိမ်းပိုက်ရရှိခဲ့ခြင်းကို အေအေတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းမိုင်တိုင်(၄၀) နယ်ခြားစခန်းအား အေအေတပ်ဖွဲ့ဝင်များက ရက်အနည်းငယ်ကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ပြီးနောက် ယနေ့ နံနက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းစခန်းမကျရေးအတွက် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်ဖြင့် စစ်ကူပစ်ခတ်မှုများ ပြုလုပ်ပြီး ကာကွယ်ပေးခဲ့သော်လည်း နောက်ဆုံးတွင် အေအေရဲဘော်များက သိမ်းပိုက်ရရှိသွားခဲ့သည်ဟု ဆိုသည်။

Myanmar Police  ဖေ့စ်ဘုတ်စာမျက်နာတွင်လည်း ၎င်းစခန်းကျသွာပြီးဟု အတည်ပြု ရေးသားထားသည်

၎င်းပြင် “AA အင်အား (၃၀၀) ကျော်က မြန်မာ-ဘင်္ဂလာ မိုင်တိုင် (၄၀) နယ်ခြားစောင့်ရဲစခန်းအားတိုက်ခိုက်၊ မိမိတို့ ရဲတပ်ဖွဲ့ဝင်အင်အား(၂၀) ခန့်က ငါသေမှ ငါ့စခန်းရမယ် စံ ပြသကာ နိုင်ငံတော်အတွက် ခုခံကာကွယ်ရင်း အသက်ပေးလှူခဲ့ကြ ယနေ့မနက် စခန်းကျ။ 31.8.2022” ဟု ရေးသားထားသည်။

(ဓာတ်ပုံ- ယခင်ပုံဟောင်း)

ဆက်စပ် သတင်းများ