တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် မြန်မာစစ်ကောင်စီတပ်နှင့်အေအေတို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်တောင်ပိုင်း ဂူတာပြင်အုပ်စု၊ သရက်ပြင် ကျေးရွာအနီးတွင် နှစ်ဘက်တိုက်ပွ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၉ နာရီခွဲတွင်တစ်ကြိမ်၊ ၁၂ နာရီကျော်တွင်တစ်ကြိမ် နှစ်ဘက် အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

"ဒီနေ့ ၉ နာရီကျော်လောက်ကနေ ဖြစ်နေတာပါ။ ၁၀ ခွဲလောက်အထိကို နှစ်ဘက်ပစ်သံတွေ ကြားရပါတယ်။ လက်နက်ကြီးကတော့မပြတ်ပစ်နေတာပါ။ အခု ၁၂ နာရီကျော်မှာ ပြန်ပြီးလက်နက်ငယ်သံတွေ စကြားနေရပါတယ်"ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာများကို စစ်တပ်ဇက်ရေယာဉ်မှလည်း လက်နက်ကြီးများ ပစ်ကူမှုများရှိခဲ့ကြောင်း စိမ်းညှင်းပြား ကျေးရွာသားတစ်ဦးက ပြောသည်။

"မယူမြစ်ထဲမှာ ရှိတဲ့ နေဗီရပ်ထားတာကနေလည်း လက်နက်ကြီးတွေလှမ်းပစ်ပါတယ်။ တခြားနေရာတွေကလည်း ပစ်ပါတယ်။ နေဗီကပစ်သံကတော့ အနီးကပ်မို့ အသံအကျယ်ကြီး ကြားရတယ်"ဟု ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဂူတာပြင်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာခဏတိုက်ပွဲဖြစ်ပွားမှုများနှင့် လူနေကျေးရွာများကို စကစတပ်ကလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဂူတာပြင်ကျေးရွာအုပ်စုမှ ဒေသခံတချို့ နီးစပ်ရွာကျေးရွာများကိုထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ