စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ယနေ့ ဖြစ်ပွားခဲ့သည့် မင်းပြားကြပ်စင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ တချို့လည်းရှိကြောင်း AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂
ယနေ့ အောက်တိုဘာ ၇ ရက်နေ့ မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့အား ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၈)ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း အေအေ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတိုက်ပွဲသည် ယနေ့ အောက်တိုဘာ (၇) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၂) မိနစ်တွင် မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့အား အေအေမှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဖက်မှ မျက်မြင် (၈)ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်သည် တောင်မော်ဦး (မယ်တော်တောင်)နှင့် ကြပ်စင်တံတားအနီး ယာယီတပ်စွဲထားသည့် နေရာမှ အနီးအနားရှိ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် (၂၅) ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ