အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

စခန်း ၂ ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်သည် ကုလားပြင်တံတားအားမိုင်းခွဲဖျက်ဆီးကာ ဂွမြို့ဘက်သို့ နောက်ဆုတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 162

နိရဉ္စရာ၊ အောက်တိုဘာ၈/ ၂၀၂၄

စခန်း ၂ ခု သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ကုလားပြင်တံတားအား မိုင်းခွဲဖျက်ဆီးကာ ဂွမြို့ဘက်သို့ နောက်ဆုတ်သွားကြောင်း ယနေ့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်သည်။

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီးနောက် အာရက္ခတပ်တော်က ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


စစ်ကောင်စီတပ်သည် အဆိုပါ စခန်းများ ကျသွားပြီးနောက် ကျိန္တလီချောင်းအား ဖြတ်သန်း တည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့သည်ဟု ဖော်ပြထားသည်။

ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာ ရှုံးနိမ့်နေသည့် အပြင် စခန်းများပါ ဆုံးရှုံးသွားခဲ့သဖြင့် ပြည်သူများ အသုံးပြုနေသည့် တံတားကို တံတားအလယ်မှ မိုင်းခွဲဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ 

တံတားအား ဖောက်ခွဲဖျက်ဆီးပြီးနောက် ဂွမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ