- Web Master
- ၁၂ ဇွန် ၂၀၂၄
အေးမြတ်ခိုင်နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် ယနေ့နံနက်မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သတင်းရရှိသည်။ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်မှစတင်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ပြုပြင်ချိန် ၂ နာရီခန့်ကြာမြင့်မည်ဟု သိရသည်။အမ်းမြို့နယ်ဓာတ်အားခွဲရုံမှူး ဦးခိုင်စိုးက "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ system breakdown ဖြစ်တာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်တွေ တွဲရတာနဲ့၊ ဆက်ရတာနဲ့ဆိုတော့ ကျွန်တော်တို့ ခန့်မှန်းတာက ၂ နာရီလောက်တော့ ကြာနိုင်တာပေါ့"ဟု ပြောသည်။