ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

သဘာ၀ဓာတ်ငွေ့ ပေါကြွယ်၀သည့် ရခိုင်တွင် တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့် လျှပ်စစ်မီးပြတ်ပြီး တစ်ခါပြတ်လျှင် ၅ နာရီနာရီ ကြာမြင့်၍ စာမေးပွဲကာလ ကျောင်းသား/သူများ အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/၂၀၂၃
သဘာ၀ဓာတ်ငွေ့ များစွာထွက်ရှိသော ခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမှာ တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ထိ ပျက်ပြီး တစ်ကြိမ်ပျက်လျှင် (၅) နာရီထိ ကြာမြင့်သဖြင့် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှာ အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

 စစ်တွေမြို့မှဆရာမတစ်ဦးကကျောင်းမှာအဆောင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိတော့ ဒီလိုမီးပြတ်တတ်တော့ အားဖြည့်သုံးလို့ရတဲ့ မီးလုံးတွေ ဝယ်ထားရတယ်။ မီးလုံးတွေ ဝယ်တာ ဘယ်လောက်တောင်ရှိပြီလည်း မသိဘူး။ အသုံးခံတဲ့ မီးလုံးတွေရှိသလို ဝယ်လို့ ဘယ်လောက်မကြာဘူး။ ပျက်သွားတာတွေလည်းရှိတာပေါ့။ စာမေးပွဲနီးနေပြီဆိုတော့ မီးလာရင် ပိုကောင်းတာပေါ့။ ဒါမှ အဆင်ပြေမှာကိုး ဟုပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လအတွင်း စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သလို တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည့် စနစ်ဟောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုနှစ် တစ်နှစ်တည်းသာလျှင် ဖြေဆိုရန်အခွင့်အရေးရှိတော့သည်။
အဆိုပါကျောင်းသူ/သားများအနေဖြင့် ညအချိန် စာကျက်ချိန်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမှာ ပို၍များနေ၍ စာမေးပွဲကာလအတွက် စိတ်ပူနေသည်ဟုလည်း ကျောင်းသားမိဘတစ်ဦးက နိရဥ္စရာကို ပြောသည်။
မီးကတော့ပြတ်တာကတော့ ပြောမနေနဲ့။ မနက်လည်းပြတ်တယ်။ ညဆိုရင် ၈ နာရီလောက်ပြတ်ရင် ၁၁ နာရီလောက်ပြန်လာတယ်။ အချိန်အတိကျတော့ မရှိဘူး။ ဆယ်တန်းစနစ်ဟောင်းက ဒီတစ်နှစ်ပဲ ရှိတော့တယ်လေ။ သားကို အောင်စေချင်တာပေါ့။ စာမေးပွဲလည်း နီးနေပြီဆိုတော့ မီးကိုပုံမှန်လေး လာစေချင်တယ်။ ဒါမှ ကျောင်းသားတွေအတွက်အဆင်ပြေမှာပေါ့ဟုပြောသည်။
အလားတူ မြောက်ဦးမြို့တွင်လည်း လျှပ်စစ်မီးများ မကြာမကြာ ပြတ်တောက်မှုများရှိနေ၍ ကျောင်းသားများမှာ စာကိုစိတ်ပါဝင်စားမှုအားနည်းလာသည်ဟု နောက်ထပ် ဆရာမတစ်ဦးက နိရဥ္စရာကို ပြောသည်။
 “စိတ်ဝင်တစားနဲ့ စာကျက်နေတုန်း မီးကလည်းပျက်၊ အားဖြည့်မီးလုံးကလည်း အဆင်မပြေတော့ ကျောင်းသား ကျောင်းသူတွေကို အရမ်းထိခိုက်နေတယ်။. စာကို စိတ်ဝင်တစားဖတ်နေတဲ့ အချိန် မီးပြတ်သွားတော့ စာကိုစိတ်ဝင်စားမှုတွေ နည်းလာတယ်။ စိတ်ပျက်စရာတွေဖြစ်လာတယ်ဟုပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုများနေ၍ ကျောင်းသား၊ ကျောင်းသူများ စာကျက်ရသည်မှာ အဆင်မပြေမှုများဖြစ်နေသည့်အတွက် မီးအချိန်မှန် ရရှိနိုင်ရေးအတွက် တောင်းဆိုမှုများလည်း ရှိနေကြသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိ စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၉,၁၆၅ ဦး ဝင်ဖြေမည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

  ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီသည် ရခိုင်က ထွက်သည့် သဘာ၀ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၁ဒဿမ ၄၃) ဘီလီယံထိ တင်ပို့ရောင်းချခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ပုံမှန်ရရှိအောင် မလုပ်ဆောင်ပေးမှုအပေါ် ဝေဖန်မှုများစွာရှိနေကြောင်း သိရှိရသည်။

(NN-13)

 

ဆက်စပ် သတင်းများ