- Web Master
- ၁၂ ဇွန် ၂၀၂၄
နိရဥ္စရာ၊ မတ် ၁
/၂ဝ၂၃
ရခိုင်ပြည်နယ်ရှိ မြို့နယ်
၅ ခုရှိ ကျေးရွာ
၅ ရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ဆိုလာစက်ရုံများ တည်ဆောက်ကာ လျှပ်စစ်မီး ၂၄ နာရီ
ပေးထားသည်ဟု ဒေသခံများက ပြောသည်။
ယင်းကျေးရွာ ၅ ရွာမှာ
ကျောက်ဖြူမြို့နယ်မှ ဂန့်ဂါကျေးရွာ၊ တောင်ကုတ်မြို့နယ်မှ ဖောင်းခါးကျေးရွာ၊
မောင်တောမြို့နယ်မှ အိုးထိန်းကျေးရွာ၊ ပေါက်တောမြို့နယ်မှ ပျဉ်းမကျေးရွာနှင့်
မြေပုံမြို့နယ်မှ ချောင်ကျကျေးရွာတို့ဖြစ်သည်။
အိန္ဒိယနိုင်ငံအစိုးရက
အကုန်အကျခံ၍ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်မှစတင်အကောင်အထည်ဖော်
“အဲဒီဒေသတွေ
ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုလိုအကောင်အထည်ဖော် ဆောင်ရွက်
အဆိုပါစီမံကိန်းဧရိယာတွင်ပါဝင်
ချောင်ကျရွာသား ကိုညွန့်ဝင်းချေက
“မီးကတော့ သုံးလို့ TV
တွေဘာတွေကြည့်လို့တော့ အဆင်ပြေပါတယ်။
ထမင်းတွေဘာတွေချက်လို့ကတော့ မရဘူးလို့ ပြောပါတယ်။ ဒေသခံ တစ်ယောက်အနေနဲ့ အများကြီး
ဝမ်းသာမိပါတယ်။ ကျနော်တို့ရွာအတိုင်းအတာနဲ့ အဲလောက်ထိ
ကိုယ်ပိုင်မီးသုံးဖို့ဆိုတာကလည်
ချောင်ကျကျေးရွာတွင်
အိမ်ထောင်စု ရဝ ကျော်ရှိပြီး လူဦးရေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။
သတ်မှတ်ယူနစ်ထက်ပိုသုံးစွဲပါက တစ်ယူနစ်လျှင်
ကျပ် ၅ဝဝ နှုန်းကောက်ခံကာ အဆိုပါရွာရှိ ဆိုလာစက်ရုံရန်ပုံငွေအတွက်
စုဆောင်းထားကြသည်ဟု ရွာသားများက ပြောသည်။
စီမံကိန်းဧရိယာတွင်ပါဝင်သည့် တောင်ကုတ်မြို့နယ်၊
ဖောင်းခါးကျေးရွာတွင်လည်း ရွာလယ်တွင်တည်ဆောက်ထားသည့် ဆိုလာစက်ရုံမှတဆင့်
လျှပ်စစ်မီးများကို ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ၂၄ နာရီသုံးစွဲနေရပြီဟု
ရွာသားများက ပြောသည်။
ယင်းသို့
သုံးစွဲရာတွင် တစ်လလျှင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ကျပ် ၂
ထောင်နှုန်းပေးဆောင်ရသည်ဟု ဖောင်းခါးရွာသား ကိုမိုးချမ်းက
နိရဥ္စရာကို ပြောသည်။
“ရွာမှာ မီးလင်းတော့
ရွာအခြေအနေကတော့ ထမင်းချက်ရတာက သက်သာသွားတယ်။ ထင်းတွေဘာတွေ ဝယ်စရာမလိုတော့ဘူး။
အများကြီး ပြောင်းလဲသွားတယ်။ တိုးတက်လာတဲ့သဘောပေါ့”ဟု ပြောသည်။
ယခုဆောင်ရွက်ပေးထားသည့်
မြို့နယ်များရှိ ကျေးရွာများသည် ရေလမ်းကိုသာ အဓိက အားထားနေရသည့်ကျေးရွာများဖြစ်ပြီ
ဓာတ်ပုံ -
မြေပုံမြို့နယ်၊ ချောင်ကျကျေးရွာရှိ ဆိုလာစက်ရုံအား တွေ့ရစဉ်။