ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ရန်ကုန်တမြို့လုံး တစ်နေ့ ၈ နာရီ လျှပ်စစ်မီးပြတ်တောက်မည်ဟု YESC ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ ဧပြီ ၁၈/ ၂၀၂၃

ရန်ကုန်တမြို့လုံး တစ်နေ့ ၈ နာရီ လျှပ်စစ်မီးပြတ်တောက်မည်ဟု ရန်ကုန်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း (YESC) က ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

 

လျှစ်ဓါတ်အား မလုံလောက်သည့်အတွက် ယခုကဲ့သို့ ဖြတ်တောက်ရန်ပြုလုပ်ရခြင်းဖြစ်ပြီး တစ်ရက် ၄ နာရီသာ ပြတ်တောက်ခဲ့သည့် ရန်ကုန် အနောက်ပိုင်းခရိုင်လည်း တစ်နေ့ ၈ နာရီ ဖြတ်တောက်ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

 

အချိန်ပိုင်းဖြင့် လျှပ်စစ်မီးဖြတ်တောက် ဝန်အားလျော့ချမှုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ် ဖြတ်တောက်ချိန်ထက်ကျော်လွန်ဖြတ်တောက်ခံရသည့် မြို့နယ်များလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

 

ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တောင်းပိုင်းခရိုင်များတွင် တစ်နေ့ ၂ ကြိမ် တစ်ကြိမ်လျှင် ၄ နာရီနှုန်းဖြင့် တစ်နေ့ ၈ နာရီခန့် မီးဖြတ်တောက်မှု ပြုလုပ်ခဲ့ကြောင်း YESC ထံမှ သိရှိရသည်။

 

ဖြတ်တောက်မှုအနေဖြင့် နံနက် ၅ နာရီ မှ နံနက် ၉ နာရီ အထိ တစ်ဆိုင်း၊ နံနက် ၉ နာရီ မှ နေ့လယ် ၁ နာရီ အထိ တစ်ဆိုင်း၊ နေ့လယ် ၁ နာရီမှ ညနေ ၅ အထိ တစ်ဆိုင်းနှင့် ညနေ ၅ နာရီမှ ည ၉ နာရီ အထိ တစ်ဆိုင်းတို့ဖြင့် အလှည့်ကျဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 

 "ဘယ်လိုပဲ ဖြတ်ဖြတ် မီးလာတဲ့အချိန်မှန်ဖို့တော့တယ်။ သူများဆီကျ သဘာဝဓါတ်ငွေ့တွေ၊ ရေနံတွေ ထုတ်ရောင်းနေပြီ ကိုယ့်ပြည်တွင်းက မီးမှန်အောင်မလုပ်နိုင်ကျဘူးလား။ ဥာဏ်မမှီလို့လားတော့ မသိဘူး အဲ့လိုပဲ မြင်တယ်" ဟု အလုံမြို့နယ်တွင် နေထိုင်သူ ဆိုက္ကားသမား တစ်ဦးက ပြောသည်။

 

လျှပ်စစ်မီးရရှိမမှန်သည့်အတွက် လျှပ်စစ်အသုံးပြု လုပ်ကိုင်ရသည့် တနိုင်တပိုင်စီးပွားရေး လုပ်မှ လုပ်ငန်းကြီးများအထိ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေကြရကြောင်း လုပ်ငန်းရှင် တချို့က ပြောသည်။

 

နှစ်စဥ် ယခုကဲ့သို့ အချိန်မျိုး၌ လျှပ်စစ်မီး ပြတ်တောက်မှုများရှိခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ်သည် ဆိုးရွားဆုံးဖြစ်ကြောင်းကိုလည်း ရန်ကုန်မြို့ နေထိုင်သူများက ကြုံတွေ့ရမှု ဖြစ်စဥ်များအပေါ် နှိုင်းယှဥ် ပြောဆိုကြသည်။

 

လှိုင်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီး တစ်ဦးက "ဖြတ်ချင်သလိုဖြတ် ပေးချင်သလိုပေးနေတာ ဆိုတော့ ဂရုလဲ စိုက်မနေတော့ဘူရှင့်၊ လျှောက်ကြေညာတာပဲရှိတယ်။ လာချိန်ဖြတ်ချိန်လဲ မှန်တာမှ မဟုတ်တာ။ အခုပဲကြည့် ၁၅ မိနစ်ခြား ပြတ်လိုက်ဘာလိုက်နဲ့ ထမင်းအိုး ပစ်လိုက်ရပြီ"ဟု ပြောသည်။

 

( NN - 25)

ပုံစာ - ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်နေမှု/Narinjara News

ဆက်စပ် သတင်းများ