- Web Master
- ၁၂ ဇွန် ၂၀၂၄
(မုန်တိုင်းသင့်မြို့နယ်များထဲက ဘူးသီးတောင်နှင့် မောင်တော မရရှိသေး)
ရခိုင်ပြည်နယ်အတွင်း
မုန်တိုင်းသင့်မြို့နယ်များဖြစ်
ယမန်နေ့ ဇူလိုင်လ
၅ ရက်တွင် ရသေ့တောင်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ရသေ့တောင်မြို့အနီးရှိ
တောင်လှမော်ကျေးရွာ ၁ ရွာ
တွင် လျှပ်စစ်မီး ရရှိခဲ့သည်။
အလားတူ ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက်
၅ ခုအနက် ၃ ခုတို့၌
ယမန်နေ့က လျှပ်စစ်မီး ပြန်လည် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့ခံ
ဦးစံသိန်းက “မနေ့က
မနက်ပိုင်းက ၁၁ နာရီလောက်မှရတယ်။ ခဏနေ ပြတ်သွားတယ်။ နာရီဝက်လောက်အကြာ
ပြန်ရတယ်။ အခုတော့ တောက်လျှောက်ရနေတယ်”ဟု ပြောသည်။
ယင်းသို့ရရှိနိုင်ရန် ဓာတ်အားလိုင်းမှတဆင့်
နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းခဲ့ရာတွင် တစ်အိမ်လျှင် ကျပ် ၁
သောင်းကျော် ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။
ပေါက်တောမြို့တွင်ဆိုလျှင် ရပ်ကွက်(၁)၊
(၂)၊ (၃)၊ (၄)နှင့် (၅)ဆိုပြီး ရပ်ကွက် (၅)ခုအနက် ရပ်ကွက်(၁)၊ (၂)နှင့်
(၃)တို့တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က နာရီဝက်ခန့် စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းသာဖြစ်
“အခုက
စမ်းကြည့်ထားရုံပဲ။ မလွှတ်ထားသေးဘူး”ဟု ပြောသည်။
ယခုကဲ့သို့ စမ်းသပ်ထုတ်နိုင်ရန်
ဓာတ်အားလိုင်းမှတဆင့် နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းစစ်ဆေးခဲ့
ရပ်ကွက်(၄)နှင့်
ရပ်ကွက်(၅)တွင်ဆိုလျှင် ယနေ့ နံနက်အထိ စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းပင် မရှိသေးဟု
နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်ကမူ ပေါက်တောမြို့ပေါ်
ရပ်ကွက်(၅)ခုစလုံးအပါအဝင် ရသေ့တောင်မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာ ၁ ရွာတို့ကို
ယမန်နေ့က လျှပ်စစ်မီးထုတ်လွှတ်ပေးထားပြီ
ပြီးခဲ့သည့်မေလ ၁၄
ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှု
မုန်တိုင်းပြီးနောက် လျှပ်စစ်ဌာနက
ရခိုင်ပြည်တွင်းနှင့် ပြည်မဘက်မှ ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ဖြင့်
ပြန်လည်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့၊
ဇွန် ၁၈ ရက်တွင် ကျောက်တော်မြို့၊ ဇွန် ၂၃ ရက်တွင် မြောက်ဦး၊ မင်းပြားနှင့်
မြေပုံမြို့တို့၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။
လက်ရှိတွင် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်သာ လျှပ်စစ်မီးရရှိရန်ကျန်ရှိပြီး
ယင်းမြို့များ အလျင်အမြန်ပြန်ရရှိအောင်လည်း ကြိုးစားဆောင်ရွက်နေကြသည်ဟု
လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ (NN-16)
ဓာတ်ပုံ
- ပေါက်တောမြို့ကို ယမန်နေ့က စမ်းသပ်ထုတ်လွှတ်ခဲ့ချိန်ရိုက်
ဓာတ်ပုံ - လျှပ်စစ် မင်း သား