ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂၅
လုံး ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ၎င်းတို့အတွက်
အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။
ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်တွင်ယမန်နေ့ဖေဖော်ဝါရီ ၁၈ရက်နေ့ နေ့လယ် ၁နာရီခန့်က မီးဖိုချောင်မှ ပေါ့ဆမီးကြောင့်
မီးလောင်ခဲ့သည်ဟု ကမ်းထောင်းကြီးမြို့မှ မီးဘေးသင့်ပြည်သူများ ကူညီရေး
ကော်မတီအတွင်းရေးမှူး ဦးရန်နိုင်ဖြိုးကနိရဉ္စရာသတင်းဌာနကိုပြောသည်။
" ထမင်းချက်တဲ့မီးသွေးမီးဖိုကနေ မီးအကြွင်းအကျန်ကြောင့်လောင်သွားတာပါ။ အိမ်မှာ နေခဲ့သူကလည်း
နားမကြားတဲ့အမျိုးသမီးပါ။ ရပ်ကွက်ထဲမှာက အမျိုးသားတွေကငါးရှာသွားခဲ့တယ်။
အမျိုးသမီးတွေက ဈေးရောင်းကြတော့ အိမ်တွေမှာလူမရှိဘူး။ ၂၅ အိမ်ကအကုန်ပြာကျသွားတယ်။ ၂ အိမ်က တစ်ပိုင်းတစ်စလောင်သွားတယ်" ဟုပြောသည်။
မီးလောင်သည့်ကြာချိန်မှာ ၂နာရီကျော်အထိကြာမြင့်ခဲ့ပြီး
လူဦးရေ
၁၂၄ ဦးခန့် အိုးမဲ့အိမ်မဲ့
ဖြစ်သွားသဖြင့် စားသောက်နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး
အတွက်အကူညီများ
လိုအပ်လျက်ရှိသည်ဟု ၎င်းကပြောသည်။
" လက်ရှိတော့ စားဝတ်နေရေးပါ။ အိမ်မှာရှိတဲ့
အဝတ်အစား၊ ရွှေတိုရွှေစပါမကျန်မီးထဲပါသွား တော်တော်ဒုက္ခရောက်နေပါတယ်။
အခုလက်ရှိသူတို့တွေက ရပ်ကွက်ထဲက တခြားသူတွေရဲ့ နေအိမ်တွေမှာ နေရပါတယ်" ဟုပြောသည်။
ရွာသစ်ရပ်ကွက်တွင် နေအိမ် ၇၀၀ကျော်နီးပါးရှိသည်ဟုဒေသခံများကပြောသည်။( NN-11)
Photo-Maung Cherry