စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 817

ဇွန်၁၈ရက်က TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိ

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၄

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ဇွန်၁၈ရက်က TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည်။

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် ဇွန်၁၈ရက်က စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်း (၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် တစ်ဦး အသက်ပေးလှူခဲ့ရပြီး (၄)ဦးဒဏ်ရာရသည်ဟုTNLAကသတင်းထုတ်ပြန်သည်။


ထို့အပြင် အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၄)လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကို ကျရောက်ပေါက်ကွဲခဲ့သည်။

ဇွန်လ (၁၈)ရက် ညနေ (၃:၄၄) တွင်တစ်ကြိမ်၊ (၃:၅၀)တွင်တစ်ကြိမ်၊  (၃:၅၅)တွင်တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လိက်ရှိသည်။

ဇွန်လ (၉) ရက်နေ့တွင်လည်း တအာင်းပြည် မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးအသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ပြီး TNLA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်ဟုTNLAက ဇွန်၁၈ရက်က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

---

ဆက်စပ် သတင်းများ