သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ(ANP) လူငယ်ခေါင်းဆောင်ဟောင်း ကိုခင်ဝင်းမောင်(ခ) ကိုဂန်ဘာရီကို စစ်ကောင်စီက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၁/ ၂ဝ၂၄

ရန်ကုန်မြို့တွင် နေထိုင်နေသူ ရခိုင်အမျိုးသားပါတီ(ANP) လူငယ်ခေါင်းဆောင်ဟောင်း ကိုခင်ဝင်းမောင်(ခ) ကိုဂန်ဘာရီကို စစ်ကောင်စီက ယမန်နေ့ မေလ ၃၁ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ကိုဂမ်ဘာရီကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် နေအိမ်မှ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ များက ပြောပြချက်အရသိရသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ညဝင်ဖမ်းတာဖြစ်မယ်။ တစ်အိမ်တည်းမှာ နေတာလို့ကြားတယ်။” ဟုပြောသည်။

ကိုဂန်ဘာရီမှာ ANP ပါတီမှတ်ပုံတင် ပြန်လည်တင်သွင်းရာတွင် မပါခဲ့သဖြင့် ပါတီဝင်ဟု တရားဝင် မပြောဆိုနိုင်သော်လည်း ပါတီနှင့် ပတ်သက်၍ တက်တက်ကြွကြွဆောင်ရွက်မှုများရှိခဲ့သူ ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်းသိရသည်။

ရန်ကုန်နေ ရခိုင်လူမှုရေးလှုပ်ရှားသူအမျိုးသမီးတစ်ဦးကလည်း အဆိုပါ လူငယ်များဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း၊ ဂန်ဘာရီ ဖမ်းဆီးခံရမှုကို စုံစမ်းနေကြောင်း ပြောသည်။

ပုံ- ကိုခင်ဝင်းမောင်(ခ) ဂန်ဘာရီ၏ လူမှု့ကွန်ရက်မှပုံဖြစ်သည်။

ဆက်စပ် သတင်းများ