သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီးနှစ်ဦးအပါအဝင် ၄ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

မောင်စာဂိရဥ္စရာ၊ ဇွန် ၁ /၂၀၂၄ (Breaking News)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သည့် အတွက် ဒေသခံအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်ဟု သိရသည်။

ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ထောက်/ပို့ယာဥ်ဖြစ်သည့် Y12 လေယာဥ်က ရွာအပေါ်မှဝဲပျံကာ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "ရွာကို ဝဲပျံပတ်ပြီးတော့ ချခဲ့တာ။ ပထမ နှစ်လုံးချတယ်။ ပြီးရင် နောက်ထပ် ဝဲနေသေးတယ်။ ခဏနေ ထပ်ချလာတယ်။ တစ်ခါချရင် ၂ လုံးစီနဲ့ ၆ လုံးချပစ်ခဲ့တာ"ဟု ပြောသည်။


ယိုးတရုတ်ကျေးရွာ၏ အရှေ့စုရပ်ကွက်အပါအဝင် ဆေးရုံအနီး၊ စျေးနှင့် ရွာအပြင်ဘက်တို့ကိုကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။


အလားတူ ရွာထဲရှိ နောက်ထပ်ဒေသခံအများအပြားလည်း ထိခိုက်ဒဏ်ရာရသွားပြီး အခြေအနေ စိုးရိမ်ရသူများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

နေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ