- Web Master
- ၃၀ သြဂုတ် ၂၀၂၄
ဇက်နေဗီရေယာဉ်ကို ဓာတ်ပုံရိုက်သည့် သံသယကြောင့် စစ်ကောင်စီတပ်ကပေါက်တောမြို့နယ်မနော်သီရိရွာကို လက်နက်ကြီးများ ပစ်ခတ်ပြီးရွာကို မီးရှို့မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီးနေအိမ် (၁၁) လုံးမီးလောင် ပြာကျသွားကြောင်းသိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်
"စစ်တပ် ဇက်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ရွာကို အဆက်မပြတ် ပစ်တယ်။ ဇက်အငယ်တစ်စီးက ကမ်းကပ်လာပြီး စစ်သားတွေ ၂၀ လောက်ရှိမယ်ထင်တယ်။ ရွာကို ဝင်လာပြီး မီးဝင်ရှို့လို့ အခုလိုဖြစ်သွားရတာပါ။ အမျိုးသမီးတစ်ယောက် ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။ အိမ်ကတော့ ၁၁ လုံး မီးလောင်သွားတယ်။ ရွာက လူတွေတော့ တိမ်းရှောင်နေကြရပါတယ်။ သူတို့ နေဗီကို ဓာတ်ပုံရိုက်တဲ့ အတွက် ဒီလို လုပ်တယ်လို့ ကြားရပါတယ်။ အတိအကျတော့ မပြောနိုင်ပါဘူး " ဟု ပြောသည်။
ဒဏ်ရာရရှိသွားသူမှာ မအေးအေးချို (၂၉) နှစ်ဖြစ်ပြီး စစ်တပ်ဇက်နေဗီက ပစ်လိုက်သည့် လက်နက်ကြီး ကျည်စသည် သူမ၏ခြေထောက်တွင် ထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
င/ပြီကျွန်းအနားတွင် ရပ်နားထား
ထို့အပြင် မြောက်ဦးမြို့ အခြေစို
ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီရေတပ်နှင့် စစ်တွေ တပ်ရင်းများက လက်နက်ကြီးဖြင့် နေ့တိုင်းပစ်ခတ်နေ၍ ဆက်လက် မီးလောင်နေသည်ဟု သတင်းရရှိသည်။(NN-7)(ဓာတ်ပုံ - APM)