- Web Master
- ၂၈ စက်တင်ဘာ ၂၀၂၄
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွ စသည့် မြိုကြီးများတွင်လည် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်လာသည်ဟု ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ည (၁၁:၅၀) အချိန် “၁၀၂၇ စစ်ဆင်ရေး (၅၅) ရက်မြောက်နေ့ “ ညီနောင်သုံးဖွဲ့၏ တိုက်ပွဲသတင်းများထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွ စသည့် မြိုကြီးများတွင်လည်း
စစ်ရေး ပြင်ဆင်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ နှင့် အင်အားသုံး
အဓမ္မဖမ်းဆီးခြင်းများကို ယခင်ကထက် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ (၁၈) ရက်နေ့၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ရမ်းဗြဲကျွန်းပေါ်၌
ပထမဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ဆက်စပ်၍ ရန်သူသည် အရပ်သားပြည်သူများအား ဖိနှိပ်အနိုင်ကျင့်ရန်
အတွက် "ဖြတ်လေး ဖြတ်" ကို ကျင့်သုံးလာနေပြီး ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများတွင်လည်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်။
ဒီဇင်ဘာလ (၂၀) ရက်တွင် ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားသည့် ရက္ခိုင်ဒေသအတွင်း ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းနှင့် ပေါက်တောမြို့များတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။
ပေါက်တောမြို့တွင်းတိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေခဲ့သလို စစ်ကောင်စီ သည် ရေကြောင်းမှတဆင့် စစ်ကူ အင်အားတိုးချဲ့လျက်ရှိသည်။
ဒီဇင်ဘာ ၂၀ ရက် ညနေ (၃) နာရီ
(၃၀) မိနစ်အချိန်ခန့်ကလည်း ပေါက်တောမြစ်ထဲရှိ နန်းတက်ကျွန်း ကျေးရွာအနီး၌ ရပ်နားထားသည့်
စစ်ကောင်စီ၏ ကမ်းထိုးယာဉ် (၂) စီးသည် ပေါက်တောမြို့သို့ ဦးတည်မောင်းလာခဲ့ရာမှ လက်နက်ကြီး၊
ငယ်များဖြင့် မြို့ထဲကို (၁၀) မိနစ်ခန့် ဒရပ်စပ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ည (၇) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ကျောက်ဖြူမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ
“ခမရ (၅၄၂) တပ်ရင်း” မှ လက်နက်ကြီးဖြင့် (၁၁) ကြိမ်နှင့်
ည (၈) နာရီအချိန်ခန့်၌လည်း င/လပွေ့ ရပ်ကွက်၌ စခန်းချထားသော “ခမရ
(၃၄) တပ်ရင်း” မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့်
(၈) ကြိမ်ထက် မနည်း ရမ်းကားပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်.။
ထို့အပြင် လူခြေတိတ်ဆိတ်သည့် ည (၉) နာရီ (၄၀) မိနစ်အချိန့်ခန့်ကလည်း
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အင်အား (၄၀) ခန့်သည် တမင်ရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီး
ဖြတ်တောက်ပြီးမှ အများပြည်သူ များနေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ ဧည့်စာရင်းကို အကြောင်းပြ၍
ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။