သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲတစ်ခုအတွင်း အိန္ဒိယမော်ဝါဒီ သူပုန် ၂၆ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၄/ ၂၀၂၁ (နိုင်ငံတကာ)

ဝေးလံခေါင်သီသော အိန္ဒိယတောအုပ်တစ်ခုတွင် နိုဝင်ဘာ ၁၃ ရက် စနေနေ့က အိန္ဒိယအထူးကွန်မန်ဒိုများနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မော်ဝါဒီသူပုန် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

ယခုတိုက်ခိုက်မှုသည် နိုင်ငံ၏အရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခတွင် နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်သည်။

မဟာရာရှတရာပြည်နယ်၏မြို့တော် မွန်ဘိုင်း အရှေ့ဘက် ကီလိုမီတာ ၁၀၀၀ ခန့်အကွာ Gadchiroli ခရိုင်၏ တောထူထပ်သော တောများတွင် နာရီပေါင်းများစွာကြာ တိုက်ပွဲအတွင်း မော်ဝါဒီသူပုန် ၂၆ ဦး သေဆုံးခဲ့ပြီး အိန္ဒိယ ကွန်မန်ဒိုရဲတပ်သား သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အထူးရဲကွန်မန်ဒိုများက မာဒီတိုလာသစ်တောရှိ သူပုန်အဖွဲ့တစ်ဖွဲ့ကို ကြားဖြတ်ဟန့်တားပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အနည်းဆုံး မော်ဝါဒီ ၂၆ ဦး သေဆုံးခဲ့ပါတယ်ဟု မဟာရာရှတရာပြည်နယ်မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက AFP သို့ ပြောကြားပြီး မော်ဝါဒီတို့ကို ဒေသဆိုင်ရာအသုံးအနှုန်းလက်ဝဲယိမ်းသူပုန်များဟု ၎င်းသုံးနှုန်းပြောဆိုသည်။

အထူး ရဲကွန်မဒိုတပ်ဖွဲ့ဝင်များသည် ဝေးလံခေါင်သီသော ဧရိယာများတွင် ကြိုကြားကြိုကြား ပစ်ခတ်မှုဖြစ်ပွားနေပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းအရာရှိက ပြောကြားသည်။

ဆက်စပ် သတင်းများ