သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အလယ်ပိုင်း၌ ရေနံချက်စက်ရုံ သိုလှောင်ကန် မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၄ (နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အလယ်ပိုင်းရှိ ရေနံချက်စက်ရှိ သိုှောင်ကန်တစ်ကန်သည် နိုဝင်ဘာ ၁၃ ရက်ညပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

စက်ရုံအနီးတစ်ဝိုက် နေထိုင်ကြသည့် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း နိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီ PT Pertamina ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုသည် ဂျကာတာစံတော်ချိန် ည ၇ နာရီ ၂၀ မိနစ်ခန့် (ဂရင်းနစ်စံတော်ချိန် ၁၂၂၀)တွင် Cilacap ခရိုင်ရှိ ရေနံချက်စက်ရုံသိုလှောင်ကန်တစ်ကန်၌ ဖြစ်ပွားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မီးလောင်နေသည့်သိုလှောင်ကန်အား စောင့်ကြည့်သူများက စွမ်းဆောင်ရည်မြင့်မားသည့် မီးငြှိမ်းသတ်သော အမြှုပ်များအသုံးပြုကာ မီးငြှိမ်းသတ်ရေး အပြင်းအထန် လုပ်ဆောင်နေကြကြောင်း နှင့် သိုလှောင်ကန်များတည်ရှိရာ ပတ်ပတ်လည်တစ်ဝိုက် မီးမကူးစက်စေရေးအတွက် ရေပက်ဖြန်းမှုများ ပြုလုပ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မီးလောင်မှု ဖြစ်ပွားရာတစ်ဝိုက် နေထိုင်ကြသည့် ဒေသခံများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကုမ္ပဏီက ဝယ်ယူသူများအတွက် ရေနံ နှင့် ရေနံဓာတ်ငွေ့အရည် ဖြည့်ပေးခြင်းများမှာ ယင်းမီးလောင်မှုကြောင့် ထိခိုက်မည် မဟုတ်ကြောင်း ကြေညာချက်တွင် အာမခံထားသည်။

Cilacap ခရိုင်ရှိ ရေနံချက်စက်ရုံသည် PT Pertamina ကုမ္ပဏီ၏ ရေနံချက်စက်ရုံ ၆ ရုံအနက် တစ်ရုံဖြစ်သည်။ ယင်းရေနံချက်စက်ရုံတွင် ရေနံစိမ်း ချက်လုပ်မှုမှ ရေနံ နှင့် ဓာတ်ငွေ့ သာမက ရေနံစိမ်းများအား ချက်လုပ်ရန် သိုလှောင်ကန် ၂၀၀ ရှိကြောင်း သိရသည်။ (Xinhua)

ဆက်စပ် သတင်းများ