သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်၏ဩဇာလွှမ်းမိုးလာမှုကို တန်ပြန်ရန် အမေရိကန်က ဩစတြေးလျကို နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစီးပေးအပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ မတ် ၁၄/၂၀၂၃ (နိုင်ငံတကာ)

 

အင်ဒိုပစိဖိတ်ဒေသအတွင်း တရုတ်၏ ဩဇာလွှမ်းမိုးလာနေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က ဩစတြေးလျသို့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစင်းကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

မတ်လ(၁၃)ရက်နေ့က အမေရိကန်ပြည်ထောင်စု ဆန်ဒီဂိုမြို့တွင် ကျင်းပပြုလုပ်သည့် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ (AUKUS) မဟာမိတ် သုံးနိုင်ငံ၏ နျူးကလီးယားရေငုပ်သင်္ဘောစီမံကိန်း ဖွင့်ပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။

 

 ၂၀၂၁ ခုနှစ်က သဘောတူညီခဲ့ကြသည့် သုံးနိုင်ငံပူးပေါင်းရေး စာချုပ်အရ ဒေါ်လာဘီလျံများစွာ ကုန်ကျမည့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစင်းကို အမေရိကန်က ဩစတြေးလျ အတွက် တည်ဆောက်ပေးသွားမည်ဟုဆိုသည်။

 

 စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်၊ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆွန်နက် နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တက်ရောက်ခဲ့ကြသည်။

 

 အင်မတန်ကြီးကျယ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါ။ ပစိဖိတ် နဲ့ အတ္တလန်တစ်မှာ ပထမဦးဆုံး ရေငုပ်သင်္ဘောအုပ်စုကြီး သုံးခု ပေါ်ထွက်လာတော့မယ့်သဘောပါပဲဟု ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ဆိုသည်။

 

 သဘောတူစာချုပ်အရ အမေရိကန်က General Dynamics က တည်ဆောက်ပေးမည့် Virginia class နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစင်း ကို ၂၀၃၀ မတိုင်မီ ပေးအပ်သွားမည်ဖြစ်သည်။

 

NN 27

ref:CAN

ဆက်စပ် သတင်းများ