သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု တောင်ကိုးရီးယားသို့ မရောက်မီ မြောက်ကိုးရီးယားက ဒုံးကျည်နှစ်စင်း ဂျပန်ရေပြင်ပေါ် စမ်းသပ် ပစ်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ မတ် ၂၇/၂၀၂၃ (နိုင်ငံတကာ)

 

တောင်ကိုးရီးယားနိုင်ငံသို့ အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စု ရောက်မလာမီ မြောက်ကိုးရီယားက တာတိုပစ် ဒုံးကျည်နှစ်စင်းကို တနင်္လာနေ့မနက်ပိုင်းက စမ်းသပ် ပစ်လွှတ်လိုက်သည်။

 

 မြောက်ကိုးရီးယားနိုင်ငံ အရှေ့ဘက်ခြမ်းကမ်းခြေ ၊ ဟွမ်ဟေးပြည်နယ်မှ နံနက် (၇:၄၇)နာရီတွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ကီလိုမီတာ၃၇၀ (မိုင်-၂၃၀ ) အကွာ ဂျပန်စီးပွါးရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။

 

ယခု စမ်းသပ်ပစ်ခတ်မှုမှာ လာမည့်အင်္ဂါနေ့တွင် တောင်ကိုးရီးယားနိုင်ငံ၊ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘော နီမစ်ဇ်နှင့် စစ်ရေယာဉ်အုပ်စု ရောက်မလာမီ ကြိုတင်ပြုလုပ်ခြင်း ဖြစ်သည်။

 

ဘူဆန်သို့မရောက်မီ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုှင့်အတူ တောင်ကိုးရီးယားတပ်များ တနင်္လာနေ့တွင် ပူးတွဲစစ်ရေး လေ့ကျင့်ကြမည်ဖြစ်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက USS Ronald Reagan ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံး ရောက်ရှိလာသော ယခုခရီးစဉ်သည် အမေရိကန်၏ မဟာဗျူဟာ အကျိုးစီးပွါးများ တောင်ကိုးရီးယားတွင် ရှိနေကြောင်း ပြသခြင်းလည်း ဖြစ်သည်ဟု တောင်ကိုးရီယား ကာကွယ်ရေးဝန်ကြီးက ပြောသည်။

 

မြောက်ကိုးရီးယား၏ ယခုဒုံးကျာ်ဖြင့်ပစ်ခတ်မှုကို တောင်ကိုးရီးယားက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်သည်ဟု ပြောကြားခဲသည်။

 

ဂျပန်အစိုးရကလည်း မြောက်ကိုးရီးယားဒုံးကျည်ပစ်ခတ်မှုကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာ အသိုက်အဝန်းကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောဆိုခဲ့သည်။

 

NN-27

ref:bdnews  and Photo by Dhaka Tribune 

ဆက်စပ် သတင်းများ