သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျပန်ပင်လယ်ပြင်၌ ရုရှားက သင်္ဘောဖျက် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 786

နိရဉ္စရာ၊ မတ် ၂၉/၂၀၂၃ (နိုင်ငံတကာ)

ရုရှားရေတပ်သည် ဂျပန်ပင်လယ်ပြင်တွင် င်္ဘောဖျက်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို မတ်လ(၂၈)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ရုရှားရေတပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ပစ်မှတ်တုများကို သင်္ဘောဖျက်ဒုံးကျည်ဖြင့် ပစ်ခတ် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ယခု ပစ်ခတ်စမ်းသပ်မှုသည် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ ယူကရိန်းသို့ သွားရောက်ခဲ့ပြီး တစ်ပတ်အကြာတွင် ရုရှား၏ ပစိဖိတ်ရေတပ်အုပ်စုက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရုရှားအရှေ့ဖျားပင်လယ်ကမ်းရိုးတန်းတွင် အဆိုပါစစ်ရေးလေ့ကျင့်မှုမျိုးကို ရုရှားက ပုံမှန် ပြုလုပ်ခြင်းဖြစ်သော်လည်း ဂျပန်နိုင်ငံက ယခင်ကထက် ပိုများလာပြီး ရုရှား၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

ဂျပန်ပင်လယ်ပြင်မှာ ပစိဖိတ်ရေတပ်ရဲ့ ဒုံးကျည်ပစ် မော်တော်ဘုတ်တွေကတစ်ဆင့် မော့စကစ် ခရုစ်ဒုံးကျည်(Moskit cruise missiles) တွေကို ပစ်ခတ်ခဲ့ပါတယ်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကပြောဆိုခဲ့သည်။

ပစ်ခတ်လေ့ကျင့်မှုတွင် ရေတပ်သင်္ဘော နှစ်စီး ပါဝင်ခဲ့သည်။

ကီလိုမီတာ ၁၀၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်ကို မော့စကစ် ခရုစ်ဒုံးကျည် နှစ်စင်းက ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

NN- 27

ref:CNA

ဆက်စပ် သတင်းများ