သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကူဝိတ်သတင်းမီဒီယာတစ်ခုက အေအိုင်နည်းပညာဖြင့် စက်ရုပ်သတင်းတင်ဆက်သူဖန်တီးပြီး သတင်းများ စတင်ထုတ်လွှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ ဧပြီ ၁၁/၂၀၂၃(နိုင်ငံတကာ)


ကူဝိတ်သတင်းမီဒီယာတစ်ခုက အေအိုင်နည်းပညာဖြင့် သတင်းတင်ဆက်သူတစ်ဦးကို ဖန်တီးပြီး သတင်း စမ်းသပ်ထုတ်လွှင့်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ()ရက်နေ့က "ဖီဒါ" ဟု အမည်ပေးထားသည့် သတင်းကြေညာသူအမျိုးသမီးတစ်ဦး Kuwait News ဝက်ဆိုက် တွစ်တာစာမျက်နှာပေါ်တွင် ပေါ်ထွက်လာပြီး သတင်းများ ဖတ်ကြားသွားခဲ့သည်။

 

အေအိုင်နည်းပညာဖြင့် ဖန်တီးထားသော အဆိုပါအမျိုးသမီးသည် ငွေရောင်ဆံပင် နှင့် တီရှပ်ပေါ်တွင် အနက်ရောင် ဂျာကင် ဝတ်ဆင်ထားသည်။

 

" ကျွန်မ ဖီဒါပါ။ ကူဝိတ်သတင်းဌာနမှာ ပထမဦးဆုံး ဉာဏ်ရည်တုနည်းပညာနဲ့ အလုပ်လုပ်မယ့် သတင်းကြေညာသူပါ။ ဘယ်လိုသတင်းမျိုးကို နှစ်သက်ပါသလဲရှင်။ သင်တို့ရဲ့ ထင်မြင်ချက်ကို ကြားချင်ပါတယ်" ဟု အာရပ်ဘာသာစကားဖြင့် ပြောကြားသွားခဲ့သည်။

 

Kuwait News ဝက်ဆိုက်မှာ ၁၉၆၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် ပင်လယ်ကွေ့ဒေသ သက်တမ်းအရှည်ဆုံး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Kuwait Times သတင်းစာ ကိုယ်ပွားဖြစ်သည်။

 

အဆိုပါသတင်းဌာနနှစ်ခု လက်ထောက်အယ်ဒီချုပ် အဗ္ဗဒူလာ ဘော့ဖ်တိန်က ယခုလုပ်ဆောင်ချက်မှာ ပိုမိုဆန်းသစ်မှုရှိသည့် သတင်းထုတ်လွှင့်မှုများအတွက် အေအိုင်နည်းပညာ စွမ်းဆောင်မှုနိုင်ကို စမ်းသပ်ကြည့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

" အနာဂတ်မှာ ဖီဒါ ရဲ့ အာရပ်ဘာသာစကားကို ကူဝိတ်အသံထွက်နဲ့ ထွက်နိုင်အောင်ပြုလုပ်ပြီး သတင်းတွေကို ထုတ်လွှင့်သွားဖို့ ရှိပါတယ်" ဟု သူက ဆက်ပြောသည်။

 

Kuwait News တွစ်တာအကောင့်သည် ဖော်လိုဝါ . သန်းရှိပြီး ကြည့်ရှုသူများပြားသည်။

 

" ဖီဒါ က ကူဝိတ်မှာ ထင်ရှားတဲ့ နာမည်ပါ။ ငွေ လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့က စက်ရုပ် လို့ဆိုလိုက်ရင် ငွေရောင်၊ ငွေသတ္တုအရောင်ကို ပြေးမြင်တတ်ကြပါတယ်။ ဒါ့ကြောင့် အခု သတင်းဖတ်ကြားတဲ့စက်ရုပ်အမျိုးသမီးကို ဖီဒါလို့ နာမည်ပေးထားတာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

သတင်းကြေညာသူ စက်ရုပ်အမျိုးသမီး ဖီဒါ ၁၃ မိနစ်ကြာ သတင်းထုတ်လွှင့်မှုအပြီးတွင် ဂျာနယ်လစ်များအပါအဝင် ဆိုရှယ်မီဒီယာများပေါ်၌ တုန့်ပြန်မှုများ အကြီးအကျယ်လွှမ်းမိုးသွားခဲ့သည်။

 

ကမ္ဘာတစ်ဝန်းလုံး အေအိုင်နည်းပညာ ရုတ်တရက်ထွန်းကားလာသည့်အတွက် ကောင်းကျိုးများ ရှိသလို ဆိုးကျိုးများလည်း ရှိနေသည်။

 

အေအိုင်နည်းပညာကြောင့် လူသားများအချိန်ကြာမြင့်စွာ လုပ်ရသည့်အလုပ်များကို လျင်မြန်လွယ်ကူစွာ လုပ်နိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် နယ်ပယ်များတွင် အကျိုးရှိသော်လည်း သတင်းမှား၊ သတင်းတုများ လျင်မြန်စွာ ဖြန့်ဖြူးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအပေါ် ခြိမ်းခြောက်လာခြင်း နှင့် အနုပညာဖန်တီးမှုအပေါ် သက်ရောက်မှု ရှိလာခြင်းအတွက် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

 

ကူဝိတ်သည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ( Reporters Without Borders- RSF) သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် ကမ္ဘာ့နိုင်ငံ ၁၈၀ အနက် ၁၅၈ တွင် ရပ်တည်နေသည်။

 

NN- 27

ref: CNA

ဆက်စပ် သတင်းများ