သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပင်လယ်ထဲမျောနေသည့် ကန်ဒေါ်လာ ၄၄၀ သန်း တန်ဖိုးရှိသည့် ဆေးခြောက်ထုပ်များကို အီတလီရဲများက တွေ့ရှိသိမ်းဆည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၃ (နိုင်ငံတကာ)

အီတလီအကောက်ခွန်ဌာန ရဲများက စစ္စလီကျွန်းအရှေ့ဘက် ကမ်းလွန်ပင်လယ်တွင် မျောပါနေသော အ​မေရိကန်ဒေါ်လာ ၄၄၀သန်း တန်ဖိုးရှိ၊ အလေးချိန်အားဖြင့် နှစ်တန် နီးပါးခန့်ရှိသည့် ဆေးခြောက်ထုပ်များကို တနင်္လာနေ့က ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဈေးကွက်တန်ဖိုးအရ ယူရို သန်း ၄၀၀ ( အမေရိကန်ဒေါ်လာ ၄၄၀ သန်း) တန်ဖိုးရှိသည့် ဆေးခြောက် အထုပ်ပေါင်း (၇၀)ကို ရေလုံအောင် အသေအချာ ထုပ်ပိုးထားပြီး ငါးဖမ်းပိုက်တစ်ခုနှင့် တွဲချည်ထားသည်ကို တွေ့ရှိရသည်။

ဆေးခြောက်ထုပ်များပေါ်တွင် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်ပစ္စည်းများကိုလည်း တပ်ဆင်ထားသည်ဟု ရဲများက ဆိုသည်။

အီတလီရဲများ​၏ ထုတ်ပြန်ချက်အရ ယခုတွေ့ရှိရသည့် ဆေးခြောက်ထုပ်များသည် ထိုဒေသကို ပုံမှန်ဖြတ်သန်းသွားနေသော ကုန်တင်သင်္ဘောတစ်စီးပေါ်က ပစ်ချလိုက်သည်ဟု ယူဆရသည်။

မူးယစ်ဆေးမှောင်ခိုရောင်းဝယ်သူတို့သည် ဖမ်းဆီးစစ်ဆေးမှုကို ရှောင်ရှားရန် ဆေးခြောက်ထုပ်များကို ပင်လယ်ထဲသို့ ပစ်ချထားပြီး ပြန်လည်ဆယ်ယူလေ့ရှိကြသည်ဟုဆိုသည်။

စစ္စလီကျွန်းအရှေ့ဘက် ပင်လယ်ထဲမျောပါနေသည့် အဆိုပါဆေးခြောက်ထုပ်များကို အီတလီရေတပ်ထောက်လှမ်းရေး လေယာဉ်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက ဆိုသည်။

 

NN-27

Ref: BBC world.

ဆက်စပ် သတင်းများ