သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဆူဒန် မြို့တွင်းတိုက်ပွဲများကြောင့် ပိတ်မိနေသည့် သံရုံးဝန်ထမ်းများအားလုံး အမေရိကန် ကယ်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 932

(အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိသည့် နိုင်ငံများကလည်း သံရုံးဝန်ထမ်းများနှင့် နိုင်ငံသားကို ကယ်ထုတ်လျှက်ရှိနေ)

နိရဉ္စရာ၊ ပြီ ၂/၂၀၂၃ (နိုင်ငံတကာ)

ဆူဒန်နိုင်ငံ ခါတွန်မြို့တော်တွင် ဖြစ်ပွါးလျှက်ရှိသော မြို့တွင်းတိုက်ပွဲများကြောင့် ပိတ်မိနေသည့် နိုင်ငံတကာ သံရုံးဝန်ထမ်းများနှင့် နိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများက အရေးပေါ် ကယ်ထုတ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

အမေရိကန်သည် တနင်္ဂနွေနေ့ မနက်က ချီနွတ် ရဟတ်ယာဉ် သုံးစင်းဖြင့် လူပေါင်း ၁၀၀ ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ အလားတူ ဗြိတိန်၊ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ စပိန်အစရှိသည့် နိုင်ငံများကလည်း သံတမန်များနှင့် ၄င်းတို့၏ နိုင်ငံသားများကို ကယ်ထုတ် နေကြသည်ဟု သိရှိရသည်။

ဆူဒန်တပ်မတော် နှင့် အင်အားကြီးမားသော အရန်တပ်တို့အကြား အာဏာလွန်ဆွဲကြရာမှ အပြန်အလှန်တိုက်ပွဲများ ဆူဒန်နိုင်ငံတစ်ဝန်းလုံး ဖြစ်ပွါးလျှက်ရှိသည်။ အထူးသဖြင့် မြို့တော် ခါတွန်တွင် မြို့တွင်းတိုက်ပွဲများအဆက်မပြတ်ဖြစ်ပွါးနေသဖြင့် မြို့သူမြို့သားများနှင့်တကွ နိုင်ငံတကာ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြားသားများ ပိတ်မိနေသည်။

ခါတွန်မြို့ရှိ အမေရိကန်သံရုံးကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း၊ အရပ်သားများကို ကယ်ထုတ်ရန် အတွက်မူ လုံခြုံမှုမရှိသေးကြောင်း အမေရိကန်အရာရှိများက တွစ်တာတွင် ရေးသားဖော်ပြသည်။

ဗြိတိန်နိုင်ငံကလည်း ၄င်းတို့၏ သံရုံးဝန်ထမ်းများနှင့် မိသားစုများကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလီက ဆိုသည်။

တနင်္ဂနွေနေ့က အခြားသော နိုင်ငံများဖြစ်သည့် ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ စပိန်၊ ကနေဒါ စသည့် နိုင်ငံများ ကလည်း မိမိတို့ နိုင်ငံသားများကို ခါတွန်မြို့မှ အသီးသီး ကယ်ထုတ်ခဲ့ကြသည်ဟု သိရှိရသည်။

ဆူဒန်စစ်တပ် နှင့် အရန်တပ်များကြား စတင်တိုက်ပွဲဖြစ်ပွါးချိန်မှစ၍ ခါတွန်လေဆိပ်မှာ လေယာဉ်ဆင်းသက်ရန် လုံခြုံမှု မရှိတော့ပေ။

ယခုချိန်ထိ ခါတွန်မြို့တော်တွင် အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသမှ ကျောင်းသားများ ပိတ်မိနေဆဲဖြစ်ပြီး ကယ်တင်ရန်အကူအညီတောင်းခံလျှက်ရှိသည်။

ထိုအတောအတွင်း ဆူဒန်၏ အင်တာနက်ဆက်သွယ်ရေးစနစ်မှာ လုံးဝပျက်စီး လုနီးပါးဖြစ်လာသဖြင့် ပိတ်မိနေသူများအား အကူအညီပေးရန် အခက်အခဲရှိလာသည်ဟုဆိုသည်။

မြို့တွင်း ဗုံးကြဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၄၀၀ ကျော်သွားပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်။

အဆက်မပြတ်ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေပြီး မြို့နေလူများ အစားအစာ ရရှိရန်အခက်အခဲဖြစ်နေသည်။

နှစ်ဖက်ခေါင်းဆောင်များ ကတိပြုကြသည့် အပစ်အခတ်ရပ်စဲရေးမှာ မကြာခဏကျိုးပေါက်နေနေသည်။ ပြီးခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ မွတ်ဆလင် ဘာသာရေး အစ်နေ့ အဖြစ် သုံးရက် အပစ်ရပ်နားထားသော်လည်း ပစ်ခတ်မှုများရှိနေဆဲဖြစ်သည်။ ref: BBC World

ဆက်စပ် သတင်းများ