သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အဆိပ်ခတ်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို စစ်ဆေးရာ နောက်ထပ် လူ(၁၃)ဦးကိုလည်း အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် အထောက်အထားများ စစ်ဆေးတွေ့ရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၂၃

ပြီးခဲ့သည့် အင်္ဂါနေ့က ထိုင်းရဲများသည် အဆိပ်ခတ်သတ်ဖြတ်မှု သံသယဖြင့် ထိုင်းအမျိုးသမီး တစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဘန်ကောက်အနောက်ဘက် ရာချာဘူရီပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပတ်က ဖြစ်ပွားခဲ့သော လူသေမှုနှင့်ပတ်သက်ပြီး သံသယရှိသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးရာမှ လွန်ခဲ့သောနှစ်များအတွင်း အဆိပ်ခတ်လုပ်ကြံမှုပေါင်း (၉)မှုအပါအဝင် စုစုပေါင်း(၁၃)မှု ကျုးလွန်ခဲ့မှုနှင့် ဆက်စပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။

ဆာရာရတ် ရန်ဆီဝူသာပွန် အမည်ရှိအသက်(၃၆)နှစ်အရွယ် ထိုင်းအမျိုးသမီးမှာ ရဲအရာရှိတစ်ဦး၏ ဇနီးဟောင်းဖြစ်ပြီး ကြာသပတေးနေ့က ၄င်းအား ဘန်ကောက်ရဲများ ဝန်းရံလျှက် ရုံးထုတ်ခဲ့သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းက အမျိုးသမီးတစ်ဦးသည် မဲကလောင်မြစ်တွင်း ငါးလွှတ်အပြီး မြစ်ကမ်းဘေးတွင် မှောက်ရက် လဲကျသေဆုံးမှုဖြစ်ပွါးခဲ့သည်။

ထိုအမျိုးသမီးမှာ ငါးမလွှတ်မီ သူငယ်ချင်းဖြစ်သူ ဆာရာရတ် နှင့် အတူ စားသောက်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ရဲများက ဆာရာရတ်အား အလိုရှိနေစဉ် နောက်ထပ် အမှုတစ်ခု ထပ်မံပေါ်ပေါက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။

ရဲများ၏ အဆိုအရ ဆာရာရတ်သည် နောက်ဆုံးသားကောင်ဖြစ်လာမည့် အမျိုးသမီးအား ဆေးမြစ်စားရန် ဖြားယောင်းခဲ့ပြီး မိနစ် ၂၀ အတွင်း ထိုအမျိုးသမီး အော့အန်ခဲ့ရာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲများက သံသယရှိသူ ဆာရာရတ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ယခင် လူသေမှုများအတွင်း အစားအစာထဲတွင် ဆိုင်ရာနိုက် အဆိပ်မသိမသာ ထည့်သွင်း လုပ်ကြံသတ်ဖြတ်ခဲ့မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

၀၂၀ မှ စ၍ လုပ်ကြံသတ်ဖြတ်မှု (၁၃)မှု နှင့် ဆက်စပ်နေသည့် ဆာရာရတ်အား လူသတ်ရန် ကြိုတင်ကြံစည်မှု ဖြင့် ဘန်ကောက်ရဲက တရားစွဲဆိုထားပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသော ဆာရာရတ်အား စစ်ဆေးစဉ် ၄င်းမှာ ကိုယ်ဝန် လေးလ ရှိနေပြီး စိတ်ကျန်းမာရေးမကောင်းသည့် မှတ်တမ်းများတွေ့ရှိခဲ့သည်။

ရဲများက ဆာရာရတ်၏ နေအိမ်မှ ဆိုင်ယာနိုက်အမှုန့်ဟုယူဆရသောအရာများ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါအမှုန့်ကို သားကောင်၏ အစားအသောက်ထဲ ထည့်သွင်းပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

NN- 27

ref: CAN

ဆက်စပ် သတင်းများ