- Web Master
- ၀၈ ဧပြီ ၂၀၂၄
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက အစိုးရသစ်ဖွဲ့စည်းရန် မဟာမိတ် ဖွေ့ထိုင်း ( Pheu Thai) ပါတီအား ထောက်ခံသွားမည်ဟု ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်၊ လွှတ်တော်နှစ်ရပ်၏ ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲတွင် ပါတီခေါင်းဆောင် ပီတအား အထက်လွှတ်တော် အမတ်များက ထောက်ခံမဲမပေးဘဲ နေခဲ့ကြသဖြင့် ပီတ၏ ဝန်ကြီးချုပ် ရွေးချယ်ခံမှုမှာ ရှုံးနိမ့်သွားခဲ့ရသည်။
ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့( ဇူလိုင်-၁၉)က ဝန်ကြီးချုပ်လောင်းနေရာ ထပ်မံမဲပေးရန်ပြင်ဆင်နေစဉ် အခြေခံဥပဒေခုံရုံးက ပီတသည် အိုင်တီဗီ မီဒီယာကုမ္ပဏီတွင် ရှယ်ယာများပိုင်ဆိုင်သည်ဆိုသော စွပ်စွဲချက်ကို ကြားနာရန် လက်ခံလိုက်သဖြင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည်။
အစိုးရသစ်ဖွဲ့စည်းရေး ဝန်ကြီးချုပ်လောင်း မဲပေးရွေးချယ်မှုကို လာမည့် ဇူလိုင်(၂၇)တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ MFP ပါတီက ဝန်ကြီးချုပ်နေရာအတွက် အရွေးချယ်မခံတော့ဘဲ မဟာမိတ်ပါတီ ဖွေ့ထိုင်း (Pheu Thai) က တင်သွင်းလာသည့် မည်သည့်ဝန်ကြီးချုပ်လောင်းကို မဆို ထောက်ခံအားပေးသွားမည်ဟု MFP ပါတီ အတွင်းရေးမှူး ချီထာဝတ် တူလာထွန် က ပြောကြားလိုက်သည်။
မေလ(၁၄)ရက် ရွေးကောက်ပွဲတွင် ပီတ လင်ဂျာရွန်ရတ်၏ Move Forward ပါတီက အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၁၅၁နေရာ အနိုင်ရပြီး မဟာမိတ်ပါတီ ဖွေ့ထိုင်း( Pheu Thsi) က ၁၄၁နေရာ အနိုင်ရခဲ့သည်။
MFP, ဖွေထိုင်း( Pheu Thai ) အပါအဝင် ညွန့်ပေါင်းပါတီ (၈)ခု က စုစုပေါင်း အမတ်နေရာ ၃၁၂နေရာ ရရှိထားပြီး အစိုးရဖွဲ့နိုင်ရန် ထောက်ခံမဲ (၃၇၆)ရရှိရန် လိုအပ်နေသည်။ နောက်ထပ် ထောက်ခံမဲ ၆၄ မဲ ရရှိလျှင် ဝန်ကြီးချုပ်သစ်တင်မြှောက်နိုင်ပြီး အစိုးရသစ်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။
အထက်လွှတ်တော်တွင် အမတ် နေရာ ၂၅၀ ရှိပြီး ၎င်းတို့အားလုံးမှာ ဝန်ကြီးချုပ် ပရာယွတ်၏ စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်သည်။ MFP ပါတီ၏ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးမူဝါဒကြောင့် အထက်လွှတ်တော်အမတ်များက MFP ပါတီခေါင်းဆောင် ပီတကို မဲမပေးဘဲနေခဲ့ကြသည်။
လွှတ်တော်တွင် ယခုထပ်မံပြုလုပ်မည့် ဝန်ကြီးချုပ်လောင်းမဲပေးမှု၌ MFP ပါတီက ဝန်ကြီးချုပ်နေရာ ရွေးချယ်ခံတော့မည်မဟုတ်ဘဲ ဖွေ့ထိုင်း PheuThai က တင်သွင်းလာသည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံအားပေးသွားမည်ဟု သိရှိရသည်။
NN-27
ref:can