- Web Master
- ၂၃ မေ ၂၀၂၄
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၄/၂ဝ၂ဝ
စစ်တွေတွင် ယနေ့ နေအိမ်တစ်လုံးမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ကျောင်းကြီးလမ်းရပ်ကွက် လက်သာရွာမှ ဟိန္ဒူလူမျိုး ဦးဆော်ယွေ့(၅၅)နှစ်၏ နေအိမ်ဖြစ်ပြီး လျှပ်စစ်မီးဖိုမှ အပူလွန်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမီးသတ်တပ်ဖွဲ့မှ သိရသည်။
“ဒီနေ့ မွန်းလွဲ ၂ နာရီ ၅၆ မိနစ်က လောင်တာပါ။ လောင်တာက တစ်အိမ်တည်းလောင်သွားတာ။ လျှပ်စစ်မီးဖိုကနေ အပူလွန်ပြီးလောင်တာပါ” ဟု စစ်တွေမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မီးစတင်လောင်သည်နှင့် ချက်ချင်း စစ်တွေမီးသတ်ဌာနမှ မီးသတ်ကားများဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ကျပ် ၃ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မီးလောင်တာက ထမင်းပေါင်းအိုးကနေ ဝါယာရှော့ဖြစ်ပြီးလောင်တယ်လို့သိရပါတယ်။ ကျန်တာတော့ ကျနော်တို့လည်းမသိဘူး။ အိမ်ပိုင်ရှင်ကို ရဲစခန်းသို့ခေါ်သွားတာတော့တွေ့ပါတယ်” ဟု လက်သာကျေးရွာသား တစ်ဦးကပြောသည်။
ထိုမီးလောင်မှုဖြစ်စဉ်တွင်လူ နှင့် တရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ဘေးမှ ဆောက်လက်စ နေအိမ် တိုင်များကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရပ်ကွက်သားများက ပြောသည်။
-----------------------
Unicode: