ပန်းမြောင်းစျေးမီးလောင်၊ အိမ်နှင့်ဆိုင်ခန်းအများအပြားမီးထဲပါ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၁ စက်တင်ဘာ ၂၀၂၂
-
| ကြည့်ရှုသူ:
6.2k
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၂
မင်းပြားမြို့နယ်၊ ပန်းမြောင်းစျေးတွင် ယနေ့ စက်တင်ဘာ ၁၁ ရက်၊ ညဉ့် ၁ နာရီခန့်က စတင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက
ပြောသည်။
ဒေသခံတစ်ဦးက "တစ်နာရီကျော်ကျော်လေးမှာ မီးလောင်တာပါ။ ဖုန်းဆိုင်တစ်ဆိုင်က စလောင်တယ်လို့ ပြောပါတယ်။ဆိုင်တန်းတစ်တန်းလုံး ပါသွားတယ်လို့ သိရပါတယ်။ ဒါတောင် မိုးရွာနေလို့ပါ မဟုတ်ရင် အားလုံးတစ်ရွာလုံး ပါသွားနိုင်တယ်"ဟု ပြောသည်။
မီးလောင်မှုကြောင့် အိမ်များနှင့် ဆိုင်ခန်အများအအပြား မီးထဲပါသွားသည်ဟု ပန်းမြောင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
"တစ်နာရီကနေ စလောင်တာပါ။ ဆုံးရှုံးမှုကတော့ အများကြီးပါပဲ။ ကျမတို့ အဒေါ်မှာဆို အိမ်လည်းပါသွားတယ်။ ဆိုင်ကပစ္စည်းလည်း တစ်ခုမှ မရလိုက်တော့ပါဘူး။ ပါသွားတာ ခန့်မှန်းခြေ ဆိုင်ခန်း ၂၀ မကပါဘူး" ဟု နံနက် ၅ နာရီ ၁၅ မိနစ်က နိရဥ္စရာကို ပြောသည်။
လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ်သော်လည်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များကို မသိရသေး၍ အခြေအနေအသေးစိတ်ကို တင်ပြနိုင်ခြင်းမရှိသေးပေ။
ထပ်မံရရှိသော သတင်းများကို ဆက်လက် တင်ပြပေးပါမည်။ ( NN-7)
(ဓာတ်ပုံ- Hnin Ei San/Hell Ran Shan Aung /Win Myat Nw