- Web Master
- ၂၃ မေ ၂၀၂၄
နိရဉ္စရာ၊ အောက်တိုဘာ ၂၄၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ညဥ့်အချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ စျေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀အိမ်ကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့အောက်တိုဘာလ ၂၄ရက်
မနက်အာရုံတက် ၁နာရီကျော်အချိန်ခန့်တွင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊
မြို့ပတ်လမ်း၊ ၉လမ်းနှင့် ၁၀လမ်းကြားရှိ လမ်းဘေးတွင် တိုးချဲ့တည်ဆောက်ထားသည့်
စျေးမှ ဆိုင်ခန်းတစ်ခန်းမှ စတင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြ
"ဆိုင်တစ်ဆိုင်ကနေ စလောင်တယ်လို့သိ
"မီးက ရပ်ကွက်ကလူတွေနဲ့ အနီးအနားကလူတွေရောက်လာပြီး ဝိုင်းသတ်ပေးကြတယ်။ မီးစလောင်ချိန်နဲ့ မီးငြိမ်ချိန်က ၁နာရီလောက်ကြာတယ်။ ၂နာရီကျော်အချိန်လောက်မှာငြိမ်သွားတယ်" ဟု ပြည်တော်သာရပ်ကွက်မှ ဦးကျော်ခိုင်ဦးက ပြောသည်။
မီးလောင်ကျွမ်း၍ ပျက်စီးဆုံးရှုံးသွားသည့် စျေးဆိုင်ခန်းများမှာ စားသောက်ဆိုင်၊ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အပ်ချုပ်ဆိုင်(၂)ဆိုင်အပါ အဝင် လူနေအိမ်အပါအဝင် စုစုပေါင်း(၁၀)အိမ်ကျော်ခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်အချိန်ကလည်း ဘူးသီးတောင်မြို့ပေါ်ရှိ အဖျော်ယမကာအရောင်းဆိုင် ၁ဆိုင်၌ ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။(NN-12)
Photo by Naing Win Lwin