- Web Master
- ၂၃ မေ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၃/၂၀၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်(ရွာသစ်) တွင် ဒီဇင်ဘာ ၃ ရက် ည ၉ နာရီကျော် အချိန်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားခဲ့ကာ အသက်(၆)နှစ်အရွယ်က
လေးငယ်တစ်ဦးလည်း မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါမီးလောင်ကျွမ်းသွားသည့် နေအိမ်မှာ ဒေါ်ဦးမြသိန်း၏ နေအိမ်ဖြစ်ကြောင်း သိရှိရသည်။
ဆင်ချဆိပ်ကျေးရွာသားတစ်ဦးက "ဘုရားမီးဖယောင်းတိုင်ထွန်းထားရာကနေ
ရွာထဲရှိကျေးရွာသားများက ဝိုင်းဝန်းမီးငြိမ်းသတ်ကြ၍ ည ၁၀ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားသည်ဟု ၎င်းက ပြောသည်။
"ရွာထဲကလူတွေ
ဝိုင်းဝန်းပြီးမီးငြိမ်းသတ်လို့ ၁၀ နာရီအချိန်လောက်မှာ မီးငြိမ်းသွားတယ်။
နေအိမ်တစ်ဆောင်လုံး မီးလောင်ကျွမ်းသွားတယ်။ အနီး အနားက နေအိမ်တွေကိုတော့ မီးမကူးခဲ့ဘူး။
အဲ့ဒီတစ်အိမ်တည်းပဲလောင်ကျွမ်း
မီးလောင်ကျွမ်းမှုထဲပါသွားသည့် အသက်(၆)နှစ်အရွယ်ကလေးငယ်၏ ညာဘက်လက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မူဆလင်ကျေးရွာတွင် ညအချိန် မီးလောင်မှုကြောင့် လူနေအိမ်(၅)လုံး မီးလောင်ပြာကျသွားသည်။
ယင်းအပြင် ရသေ့တောင်မြို့ ၊အရှေ့မြောက်ရပ် ကွက်ရှိ ပညာပါရမီ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့၍ ကျောင်းဆောင်တစ်ဆောင်နှင့် ကယ်ဆယ်ရေးအဆောင်နှစ်ဆောင် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
နွေရာသီရောက်လာပြီဖြစ်သဖြင့် မီးသတိရှိကြရန် လိုအပ်နေပြီဖြစ်သည်။ (NN-12)
ဓာတ်ပုံ - Chit Pone(Fb)