- Web Master
- ၂၃ မေ ၂၀၂၄
နိရဥ္စရာ၊ မတ် ၃/ ၂၀၂၃
ရခိုင်ပြည်နယ်၊
ရသေ့တောင်မြို့နှင့် မြောက်ဦးမြို့တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ် ၅
လုံး မီးလောင် ဆုံးရှုံးသွားသည်ဟု
သိရသည်။
ယနေ့ မတ်လ ၃ ရက်၊
ညဥ့် ၂ နာရီကျော်ခန့်တွင်
ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ရှိ ဦးကျော်ဝင်းမောင် နေအိမ်တွင်
ခြင်ဆေးခွေထွန်းရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွာ
"ဘာမှမကျန်လိုက်ဘူး။
တိုင်ငုတ်တွေပဲကျန်တယ်။ လူထိခိုက်တာတွေတော့ မရှိဘူး" ဟု ပြောသည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် မီးစတင်လောင်ကျွမ်းသည့်
ဦးကျော်ဝင်းမောင်၏ နေအိမ်၊ ဦးမောင်ရွှေသိန်း နေအိမ်၊
ဦးသိန်းရွှေမောင်နေအိမ်နှင့် ဦးမောင်သိန်းရွှေ၏နေအိမ်တို့မှာ
မီးလောင် ဆုံးရှုံးသွားသည်ဟု
သိရသည်။
အဆိုပါမီးလောင်မှုကို
ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနက မီးငြိမ်သတ်မှုကြောင့် နံနက် ၃ နာရီကျော်တွင် မီးလုံးဝငြိမ်းသွားသည်ဟု
သိရသည်။
ယင်းအပြင် ယမန်နေ့
မတ်လ ၂ ရက်၊ နေ့လယ်
၂ နာရီအချိန်ခန့်ကလည်း မြောက်ဦးမြို့နယ်၊ အောက်သားကန် ကျေးရွာရှိ ဒေါ်ဝေကျန်နု၏နေအိမ်မှာ
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနေအိမ် ၁ လုံးမီးလောင်ကျွမ်းသွားသည်ဟု
ရွာသားတစ်ဦးက ပြောသည်။
"မီးလောင်တုန်းက အိမ်ပိုင်ရှင်ကမရှိဘူး။
တစ်အိမ်လုံးလောင်ကျွမ်းသွားတယ်။ မီးသတ်ကားလည်းမရတော့
လူတွေမီးငြိမ်းသတ်ရင်းနဲ့ပဲ တစ်အိမ်လုံးလောင်သွားတယ်။ လူတော့
မထိခိုက်ပါဘူး" ဟု ပြောသည်။
ပြီးခဲ့သည့်
ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်းရှိ သံဃာဆောင်မီးလောင်မှုဖြစ်ပွား၍
လေဖြတ်ထားသည့် အသက်(၇၂)နှစ်အရွယ် ဆရာတော် ဦးပဏ္ဍဝမှာ
မီးထဲပါသွားပြီး ပျံလွန်တော်မူသွားခဲ့သည်။
ယင်းနေ့နံနက်တွင်ပင် မြောက်ဦးမြို့နယ်၊
မြောင်းဘွယ်ကျေးရွာမှ အသက် ၈၈ နှစ်အရွယ်ရှိ ဒေါ်မစောသာသည်လည်း
နေအိမ်တွင် ဆေးတံသောက်ရာမှ မီးပွားမီးစမှတဆင့် မီးလောင်မှုဖြစ်ပွားပြီး
သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်
ဖဖေော်ဝါရီ ၁၈ ရက်နေ့၊ ည ၉ နာရီအချိန်ကလည်း ကျောက်တော်မြို့နယ်၊
မဟာမုမြတ်မုနိ ဘုရားအနီးရှိ စျေးဆိုင်ခန်းမီးလောင်မှုကြောင့်
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၂ဝ ရက်၊ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင်
မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံးမီးလောင် ပျက်စီးခဲ့သည်။
ခြောက်သွေ့ရာသီရောက်လာပြီဖြစ်
(ဓာတ်ပုံ -
ရသေ့တောင်နှင့်မြောက်ဦးမှ မီးလောင်သွားသည့် နေအိမ်များပုံ)