- Web Master
- ၂၃ မေ ၂၀၂၄
နိရဥ္စရာ၊ မတ် ၉/
၂၀၂၃
ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့တွင် လယ်ကွင်းပြင်များအား မီးရှို့ရာမှ ကျောက်တော်တောင်အထိ
တောမီးလောင်မှုဖြစ်ပွားခဲ့ပြီ လက်ရှိတွင်
မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီဟု
သိရသည်။
ယမန်နေ့ မတ်လ
၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က ကျောက်တော်တောင်အရှေ့ဘက် တောင်အောက်ရှိ
လယ်ကွင်းပြင်များကို လယ်ပိုင်ရှင်များက မီးရှို့ခဲ့ရာမှ ကျောက်တော်တောင်အထိမီးကူးသွားပြီ
"မီးက အရှိန်ပြင်းတယ်။
နေကလည်းပူတာ။ နွေရာသီလည်းဖြစ်တော့ တစ်တောင်လုံးကလည်း
သစ်ရွက်ခြောက်တွေနဲ့မို့လေ" ဟု ပြောသည်။
အဆိုပါတောမီးလောင်မှုမှာ ယမန်နေ့
တစ်ညဉ့်လုံး ဖြစ်ပွားခဲ့ပြီး ယနေ့ မတ်လ ၉ ရက်၊ နံနက် ၉ နာရီခန့်တွင်
မီးငြိမ်းသွားခဲ့သည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။
"ညဉ့် ၁၁
နာရီကျော်အထိ ကျွန်တော်တို့တောင်ပေါ်သွားပြီး မီးငြိမ်သတ်ခဲ့ကြတယ်။ မီးကတော်ရုံနဲ့ မငြိမ်းဘူး။ မြို့က
လူမူကူညီရေးအသင်းတွေ၊ မြို့ခံတွေနဲ့ ဝိုင်းပြီး မီးငြိမ်သတ်ခဲ့ကြရတယ်။ ညဉ့်
၁၁ နာရီကျော်အထိ ကျွန်တော်တို့ မီးသတ်ခဲ့ကြပြီး ကျွန်တော်တို့
ပြန်လာခဲ့ကြတယ်။ မီးက လောင်ပြီးကျန်ခဲ့တယ်။ ဒီမနက်က
သွားကြည့်တော့ မီးငြိမ်နေပြီ" ဟု ပြောသည်။
ယင်းတောမီးလောင်မှုကြောင့် ကျောက်တော်တောင်ပေါ်ရှိ
ရဟန်းတော် ငါးရာဆွမ်းခံကြွနေသည့် ဘုရားဆင်းတုတော်များနှင့် လျောင်းတော်မှုဘုရားအနီးထိ မီးရောက်ရှိခဲ့သော်လည်း
ပျက်စီးဆုံးရှုံးမူမရှိခဲ့ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
ကျောက်တော်မြို့နယ်၊ မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ခဲ့သေ
ရခိုင်တွင်
ယခုကဲ့သို့ နွေရောက်လာသည်နှင့် မြို့နယ်အချို့တွင် မီးလောင်မှုများ ဆက်တိုက်ဆိုသလို
ခြောက်သွေ့ရာသီရောက်လာပြီဖြစ်
(ဓာတ်ပုံ - ပေးပို့)