အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မန္တလေးတိုင်းအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ၇ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 466

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၈ / ၂၀၂၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကိုစစ်ကောင်စီက လေကြောင်း တိုက်ခိုက်သာကြောင့် ဒေသခံ အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က သြဂုတ် ၈ တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ် ၆ ရက်၊ ည ၁၂ နာရီတွင် လေကြောင်းက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“အကြမ်းဖက် စစ်ကောင်စီသည် ပုသိမ်ကြီးမြို့နယ် ၊ ဖယောင်းတောင်ရွာအား ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၆)ရက်နေ့၊ ည(၁၂)နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ(၇)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ် ၄ ရက်တုန်းကလည်း စဉ့်ကူးမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကံတောင်ကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။'


ဓာတ်ပုံ - MDY-PDF

ဆက်စပ် သတင်းများ