တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အမေရိကန် ရှိ စတိုးဆိုင်တစ်ခု တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး ၊ ရဲအရာရှိနှစ်ဦး အပါအ၀င်(၁၁) ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 702

ဂျွန်နသန်၊ နိရဥစရာ၊ ဇွန် ၂၂/၂၀၂၄

အမေရိကန်ပြည်ထောင်စု၊ အာကန်ဆောပြည်နယ်ရှိ စတိုးဆိုင်တစ်ခု တွင်သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး ၊ (၁၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်တိုင်းမ်က သတင်းဖော်ပြသည်။

အာကန်ဆောပြည်နယ်၊ Fordyce ရှိ Mad Butcher စတိုးဆိုင်တွင် ဇွန်လ(၂၁)ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုအတွင်း လူ (၃) ဦးသေဆုံးကာ၊ ရဲအရာရှိနှစ်ဦး အပါအ၀င် (၁၁)ဦး ဒဏ်ရာရရှိခဲ့ပြီး၊ သေနတ်သမား လည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

ဇွန် ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် Mad Butcher စတိုး ဆိုင်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ်သမားသည် ဒဏ်ရာရရှိခဲ့ကြောင်း အာကန်ဆော ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"အရာရှိတွေ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး၊ သေနတ်သမားရဲ့ ဒဏ်ရာကလည်း အသက်အန္တရာယ်မရှိပါဘူး" ဟု အာကန်ဆော ပြည်နယ် ရဲဌာန မှဒါရိုက်တာ ဖြစ်သူ မိုက်ဟာဂါ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒဏ်ရာရသူများ၏ အခြေအနေသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း၊ စတိုးဆိုင်းအား ပစ်ခတ်ရသည့် အကြောင်းရင်းကို လည်း ရှင်းလင်းစွာ မသိရသေးကြောင်း မိုက်ဟာဂါက ထပ်လောင်း ပြောကြားသည်။

သောကြာနေ့(ဇွန်လ၂၁ရက်) ညနေခင်းတွင် Fordyce ၏ အရှေ့တောင်ဘက် (၁၀) မိုင်အကွာရှိ New Edinburg တွင် သံသယရှိသူသေနတ်သမားဖြစ်သည့် အသက် (၄၄)နှစ်အရွယ်ရှိ Travis Eugene Posey ဆိုသူ ကို ရဲတပ်ဖွဲ့က ဖမ်း ဆီးနိုင်ခဲ့ပြီး၄င်းကိုလူသတ်မှုဖြင့် တရားစွဲဆို သွားမည် ဖြစ် ကြောင်းရဲတပ်ဖွဲ့က ပြောကြားသည်။

မကြာသေးမီနှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုတစ်၀န်းရှိ စတိုးဆိုင်များတွင် ပစ်ခတ်မှုအများအပြား ဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် El Paso ရှိ Walmart စတိုးတွင် သေနတ်သမား၏ပစ်ခတ်မှုအတွင်းလူ (၂၃) ဦး သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်တွင်Boulder, Colo ရှိ စတိုးဆိုင်တွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ (၁၀) ဦး သေဆုံးခဲ့ရသည်။

၂၀၂၂ ခုနှစ်တွင် Buffalo ရှိ စူပါမားကတ်တွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ (၁၀ )ဦး သေဆုံးခဲ့ရသည်။ (ပုံ--Mad Butcher စတိုးဆိုင်တွင် သောကြာနေ့ (ဇွန်လ၂၁ ရက်)က သေနတ် ပစ်ခတ်မှု အတွင်း လူ ၃ ဦးသေဆုံးကာ၊ အရာရှိနှစ်ဦးအပါအဝင် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

 Credit...Ainsley Platt/Arkansas Democrat-Gazette, Associated Press မှတဆင့်) Source/The New York Times

PHOTO BY United news of India

 

ဆက်စပ် သတင်းများ