သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

“လူထုခြေရာ” ၈၈၈၈ လူထုအရေးတော်ပုံအတွင်းမှ သတင်းစာများပြပွဲနှင့် အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 450

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၈ / ၂၀၂၄

“လူထုခြေရာ” ၈၈၈၈ လူထုအရေးတော်ပုံအတွင်းမှ သတင်းစာများပြပွဲနှင့် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Golden Land Solidarity Collective တွင် သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။

မွန်းတည့် ၁၂ နာရီမှ စတင်ကာ သတင်းစာများပြပွဲကို ခင်းကျင်းပြသထားခဲ့ပြီး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားအား နေ့လယ် ၂ နာရီခွဲတွင် စတင်ကျင်းပခဲ့သည်။

အဆိုပါသတင်းစာများပြပွဲနှင့် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားအား ဗမာပြည်တွင်း စစ်ပြတိုက်နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



၈၈၈၈ လူထု အရေးတော်ပုံသည် တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဗမာ့လူ့အဖွဲ့အစည်း အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းစဉ်တွင် ထူးခြားအရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

ဤအရေးတော်ပုံကာလအတွင်း ကျောင်းသားများနှင့် ပြည်သူများက ဦးစီးထုတ်ဝေခဲ့ကြသော သတင်းစာများသည်လည်း လူထုလှုပ်ရှားမှု၏ အရှိန်အဟုန်အား ပိုမို အားကောင်းစေခဲ့သောကြောင့် ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဗမာ့ပြည်တွင်းစစ်ပြတိုက်နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္

ဆက်စပ် သတင်းများ